Professional Authors

မယှဉ်ပါနဲ့

ကိုရေ
သတိရလားမမေးနဲ့ နော်
ပြိုင်လို့ ရရင်ကိုတောင်ရှုံးသွားမှာ
လွမ်းလားလို့ မမေးနဲ့ နော်
ညီမလွမ်းသလောက်ကိုလွမ်းရင်
ကိုမခံစားနိုင်မှာဆိုးလို့ 

ဟိုးအဝေးမှာပျော်အောင်နေနော်ကို
ညီမကိုတော့ ပျော်လားမမေးပါနဲ့
ကိုပြောခဲ့ သလိုပျော်အောင်နေဖို့ ကြိုးစားမှာပါ
ကိုလဲကြိုးစားနော်

နေကောင်းရဲ့ လားကို
ညီမကိုတော့နေကောင်းလားမမေးပါနဲ့ 
ဆေးခန်းအရမ်းကြောက်တာကိုအသိဆုံးပါ
ကိုသာနေကောင်းအောင်နေနော်

စာသွားသင်တဲ့ကိုကစာတွေကောလိုက်နိုင်ရဲ့လား
ညီမကိုတော့ မမေးနဲ့ နော်
စာကျက်ပျင်းတာငယ်ငယ်ထဲကလေ
ကိုသာစာတွေအများကြီးသင်ပြီးပြန်လာနော်

ဟိုမှာအဆင်ပြေရဲ့ လားကို
ညီမကတော့ အကို့ ထက်ဆိုးတယ်ဆိုတာသိပြီးသားပဲဟာနော်

ကဲဒီတခါတော့ ကိုချစ်သေးလားမေးမယ်နော်
ညီမကအရာအားလုံးကို့ ကိုမယှဉ်နိုင်ပါဘူး
ဒါပေမဲ့ ကို
ကိုမယှဉ်နိုင်လောက်အောင်ညီမကချစ်တယ်
အရာအားလုံးထက်ပိုတယ်
ကိုမယှဉ်နဲ့ရှုံးမယ်

In: ကဗျာ Posted By: Date: Sep 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment