Professional Authors

ကဗျာလူ…………………………..မင်းလူန

လမ်းတစ်ခုမှာ
ကဗျာကိုချခင်း
နောက်လမ်းတစ်ခုမှာ
ကဗျာကိုထမ်း
ပြီးမှငါ့ မာနနဲ့ ငါ
ကိုယ့် ကိုကိုယ်
အပင်တစ်ပင်လို
အညွှန့် တစ်လူလူ
တက်ပစ်လိုက်တယ်……..
 အိမ်မက်ကို
ခေါင်းအုံးအောက်မှာထားအိပ်နေရင်
အစာဟောင်းတွေ
အန်ထုတ်ခွင့် ရှိပါ့ ဦးမလား
ပတ်ဝန်းကျင်ကိုလည်းဝိုင်းထိန်း
ကိုယ့် ကိုကိုယ်လည်းထိန်းနဲ့ 
ခပ်ရဲရဲလူသားဆန်ပစ်လိုက်တယ်။
ဒါတောင်
အသက်ရှင်ရတာကမ၀ံ့ မရဲ………
                                           မင်းလူန

In: ကဗျာ Posted By: Date: Sep 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment