Professional Authors

ရွေးချယ်မှု

အမေမှ အစ ညီမလေး အဆုံး
ငါ့အတွက်မျက်ရည်ကျခဲ့ရသူများစွာ
ဒီကမ္ဘာမှာ ငါဟာ
ရောက်မလာသင့်သော ဧည့်သည်တစ်ဦးမျှသာ။

လူတွေက
နှလုံးသားနဲ.ရှင်သန်တယ်
ရွေးချယ်မှုနဲ.နေထိုင်တယ်
မခက်ဘူးလား မေးတော့
နှလုံးသားနဲ. နေထိုင်ချင်သူတွေ ခက်တယ်။

အစက မဆုံဖြစ်ရင် အကောင်းသားလို.
နာကျင်သူတွေ ရေရွတ်ခဲ့ဘူးပြီ
ငါတစ်ယောက် မင်းတစ်ယောက်တိုးလို.
ဘာမှပိုမထူးတော့ပါဘူး။

တောင်းပန်ဖို.မလွယ်တဲ့ အဖြစ်တွေနဲ.
မင်းလည်းငိုကြွေး ခဲ့ရပြီ
ငါလည်း ရှက်ရွံ.ခဲ့ရပြီ
ငါ့ကိုသာ သတ်လိုက်ပါညီမလေးရယ်။

ဘယ်သူ.ကိုမှ အပြစ်မတင်ပါနဲ.
ငါ့ကိုပဲတင်ပါ
ငါဟာ
လောကမှာမရှိသင့်သော လူတစ်ဦးပါ။      ။

In: ကဗျာ Posted By: Date: Sep 23, 2010
Comment #1

ဟာာာာာ ………….ဘာကြီးလည်းဟ………………

commentinfo By: pyae sone at Sep 23, 2010
Comment #2

တရားခံ ရှာနေပြန်ပြီ….ဟီးးးး

commentinfo By: မှုံရွှေရည် at Sep 29, 2010
Comment #3

တကယ်ကိုတရားခံရှာနေတာပဲ……… 🙂 ။ ။

commentinfo By: ကဗျာချစ်သူ at Dec 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment