Professional Authors

ရပ်တန့်မသွားသော ဘ၀များ – နရီထက်

ငိုရယ်ကာ ပြု
ဆာလောင်မှုကို ထုတ်မပြောတတ်
ငိုပြတတ်တော့ များများ စားခဲ့ကြတယ်
ကလေးဘ၀တွေရယ်. . .

လိုချင်တာကို အရယူဖို့
လူကြီးဖြစ်ခဲ့ချင်တယ်
ကလေးဘ၀က အလွမ်းအိမ်မက်တွေရယ်. . .

မျှော်လင့်ချက်များနေတဲ့ဘဝ
ရေစုန်လည်း မျှောကြည့်တယ်
ရေဆန်ကို တက်ကြည့်ခဲ့တယ်
အလိုက်သင့်လည်း မျှောကြည့်ခဲ့တယ်
လိုချင်တာတွေ မရသေးတော့
အခွင့်အရေးတွေ ဆယ်ခါပြန် ရချင်သေးတယ်
လက်လွတ်ပြီးတာ အခွင့်အရေး
လတ်တလော အခွင့်အရေး
မရောက်လာသေးတဲ့ အခွင့်အရေး. .  .

ဆံပင်တွေဖြူ သွားတွေကျိုးကြဲ
အိုမင်းမှုက စက်ရုံပျက်အသွင်လား
အနည်းကျနေတဲ့ ထုံးကြည်ရေလွှာတွေလား
အတွေးထဲမှာ နစ်မနေတတ်ကြတဲ့
ဒီအရွယ်မှာ ဟို ငယ်ငယ်က အကြောင်းကိုတော့
ပြန်စဉ်းစားမိမှာ သေချာနေပါတယ်. . .
ခွန်အားအတွက်လား. . .
အလွမ်းပြေတွေလား. . .

နရီထက်
( ၂၁ ၊ စက်တင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment