Professional Authors

ကြိုးတပ်ခြင်း နိယာမနှင့် အလှကွန်ယက် စွန်ငယ်တစ်ခု – နရီထက်

အားယူလို့ လေပြေလာရာ
အသာလေး လွင့်ခဲ့တယ်
ကြိုးတပ်ခြင်း နိယာမဖြင့်
ထိန်းကျောင်းခဲ့တယ်. . .
တဖြည်းဖြည်းနှင့် နေရာယူခဲ့တယ်
ဝံကြွားခြင်း အလှတရားဖြင့်
လိုက်မျောခဲ့တယ်. . .
ပျော်စရာ လေဟာနယ်တစ်ခု. . .
အမြင့်ဆုံးကိုလည်း ပျံချင်တယ်
အဝေးတစ်နေရာမှာလည်း လေလွင့်ချင်တယ်. . .

လိုရာ ဆွဲထိန်း ထိန်းကျောင်းယူလို့
နိမ့်နိမ့်ကိုလည်း ဆွဲခေါ်ခဲ့တယ်. . .
လွင့်ပျံနေဆဲ. . .
မြင့်မြင့်ကိုလည်း ဆွဲထူကြည့်တယ်. . .
နေရာယူဆဲ. . .
မပြယ်တဲ့ အလှတရားဖြင့်
သူ. . . လွင့်နေတာလား. . .
ငြိမ်ငြိမ်လေးလည်း နေခဲ့တယ်
တစ်ချက်ချက် လွင့်လူးနေခဲ့တယ်. . .
လေကြော အပြောင်းအလဲတွေကြား. . .
လှလိုက်လေခြင်း မင်းလေးရယ်. . .
အသိတရားတွေနှင့် ကြွယ်နေတာလား. . .

ကြိုးတပ်ခြင်း နိယာမတစ်ခု
ပေါင်းစပ်ကာ ပြုတော့. . .
မင်းအလှတွေ မပြယ်စေချင်ဘူး. . .
မပျက်တောက်စေဘူး ကြိုးစတွေ. . .
အဝေးကိုလည်း လွင့်ထူချင်တယ်. . .
စိတ်ငြိမ်ခြင်း တရားနှင့်
အသိတရားတွေလည်း ထပ်ရချင်တယ်
မပြတ်တောက်စေချင်. . .
ကြိုးစတွေ. . . သံယောဇဉ်ဆိုတဲ့
တွယ်တာတစ်ခု. . . ထပ်ကာ
ချည်နှောင်နေချင်သေးတယ်. . .
အဝေးဆုံးကို ပျံခွင့်ပြုပါ. . .
နိယာမအကူရယ်. . . ။     ။

နရီထက်
( ၂၀ ၊ စက်တင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Sep 20, 2010
Comment #1

အား……………..ကောင်းလိုက်တဲ့ကဗျာလေးဗျာ
ချစ်စရာလေး…. ရေးထားတာရော အတွေးအခေါ်ရော အားလုံးကို လေးစားသွားမိတယ်ဗျ.။

ကျေးဇူးတင်တယ်.ဗျာ ဒီကဗျာလေးကူးလိုက်ပြီ အကို

commentinfo By: 13th at Dec 21, 2012
Comment #2

မပြယ်တဲ့ အလှတရားဖြင့်
သူ. . . လွင့်နေတာလား. . .
ငြိမ်ငြိမ်လေးလည်း နေခဲ့တယ်
တစ်ချက်ချက် လွင့်လူးနေခဲ့တယ်. . .
လေကြော အပြောင်းအလဲတွေကြား. . .
လှလိုက်လေခြင်း မင်းလေးရယ်. . .
အသိတရားတွေနှင့် ကြွယ်နေတာလား. . .

ကြိုးတပ်ခြင်း နိယာမတစ်ခု
ပေါင်းစပ်ကာ ပြုတော့. . .
မင်းအလှတွေ မပြယ်စေချင်ဘူး. . .
မပျက်တောက်စေဘူး ကြိုးစတွေ. . .
အဝေးကိုလည်း လွင့်ထူချင်တယ်. .

commentinfo By: 13th at Dec 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment