Professional Authors

ရက်စက်သူ…

စူးနစ်နာကျင် စိတ်မရွှင်အောင်
ပြုံးရှင်ပြုနိုင်စွမ်းပါပေ့…

ချစ်သံယောဇဉ် ကြိုးမျှင်မျှင်ကို
ဆုံးပင်ဖြတ်နိုင်စွမ်းပါပေ့…

စီးသည့်ရေလျင် မျက်ရည်သွင်အောင်
မုန်းချင်မုန်းနိုင်စွမ်းပါပေ့…

လူးလွန့်သန်ရှင် ကူးစိတ်ယဉ်ကို
ပုန်းနှင်ရက်နိုင်စွမ်းပါပေ့…

စီးပျံ့ညင်ညင် တေးသံစဉ်ကို
ဆုံးခင်ရပ်နိုင်စွမ်းပါပေ့…

In: ကဗျာ Posted By: Date: Jul 23, 2009
Comment #1

ခံစားချက်ခြင်း တူနေပီ.. အားတင်းထား

commentinfo By: Cho at Aug 10, 2010
Comment #2

အားပေးလျက်ပါခင်ဗျာ ..။

commentinfo By: chityellusoelay at Aug 16, 2011
Comment #3

ချစ်စဖွယ်ရေးဖွဲ့မှု

commentinfo By: Khin maw at May 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment