Professional Authors

အတိတ်ချို

ဟိုး….ခပ်ဝေးဝေးမှာလေ
ငါတို့ရဲ့အတိတ်တွေများတောက်ပခဲ့ဘူးလိုက်ကြတာ
ငါတို့တွေအတူတူရှိခဲ့စဉ်တုံးကပေါ့

တဆိတ်လောက်ငါ့ကိုအမြဲအိပ်ခွင့်ပေးပါ
ငါ့မျက်လုံးတွေမှိတ်ပစ်လိုက်တိုင်း
အဲဒီ့အတိတ်မှာငါရှိနေဆဲမို့ပါ

အရင်တုံးကငါမသိခဲ့ပါဘူး
အဲဒီမှာအချစ်တွေအဲလောက်ပြည့်ကျပ်နေမှန်း
ငါတို့ဝေမျှခဲ့ကြတဲ့အိမ်မက်ချိုချိုတွေရောပေါ့
ငါရှာဖွေနေတဲ့တစုံတရာဟာလဲရှိနေခဲ့တယ်

အော်….အမှတ်တရတွေရယ်
ဘာကြောင်မို့ထားပစ်ခဲ့မိကြသလဲကွယ်
ခုတော့…ငါ..ရူးမိပါကောကွယ်

မိုးရွာထဲမှာလမ်းလျှောက်ကြတုံးကပေါ့
မင်းငါ့ကိုဘယ်လောက်ချစ်သလဲ
ငါမမေးကြည့်ခဲ့ဘူး
ငါမင်းကိုဘယ်လောက်ချစ်သလဲပဲငါပြောခဲ့တယ်
ခုတော့ငါမေးချင်တယ်
မင်းငါ့ကိုဘယ်လောက်ချစ်သလဲကွယ်

နှုတ်မဆက်သွားပါနဲ့အုံး
ငါ့ကိုဒီလိုညမျိုးတညလောက်အပိုပေးပါကွယ်
ငါမင်းနဲ့အတူလျှောက်ချင်လို့
ဒီလမ်းကလေးအဆုံးထိတင်ပါ………..။

အမရာ

In: ကဗျာ Posted By: Date: Sep 19, 2010
Comment #1

နှုတ်မဆက်သွားပါနဲ့အုံး
ငါ့ကိုဒီလိုညမျိုးတညလောက်အပိုပေးပါကွယ်
ငါမင်းနဲ့အတူလျှောက်ချင်လို့
ဒီလမ်းကလေးအဆုံးထိတင်ပါ………..။

အဲဒီနေရာလေး သဘောကျလို့ … (: (:

/* ဘယ်နေရာမှာမ မတွေ့ရတာကြာပြီဖြစ်လို့ သတိတရ ဖြစ်နေကြောင်းပါ.. */
^^

commentinfo By: ဖြိုးဖြိုး at Sep 20, 2010
Comment #2

နုတ်မဆက်ချင်ဘူးချစ်သူရယ်
ဒါပေမဲ့ငါ့ကိုနင်နုတ်ဆက်ခွဲခွာခဲ့တယ်
ငါချစ်ခဲ့တာချစ်ခြင်းနဲ့ရယူပိုင်ဆိုင်လိုချင်းပါ

commentinfo By: မိုးလုံးပြာ at Sep 20, 2010
Comment #3

ဟိုး….ခပ်ဝေးဝေးမှာလေ
ငါတို့ရဲ့အတိတ်တွေများတောက်ပခဲ့ဘူးလိုက်ကြတာ
ငါတို့တွေအတူတူရှိခဲ့စဉ်တုံးကပေါ့

ပြန်လိုချင်တယ် အဲဒီအချိန်တွေကိုပေါ့……………..

commentinfo By: Gipsy Lay at Sep 20, 2010
Comment #4

တစ်ယောက်ထည်းဆွေးနေတယ်ပေါ့ … ကောင်း၏ (ကဗျာကိုပြောခြင်းဖြစ်ပါသည်)

commentinfo By: သက်ထွေး at Sep 20, 2010
Comment #5

မိုးရွာထဲမှာလမ်းလျှောက်ကြတုံးကပေါ့
မင်းငါ့ကိုဘယ်လောက်ချစ်သလဲ
ငါမမေးကြည့်ခဲ့ဘူး
ငါမင်းကိုဘယ်လောက်ချစ်သလဲပဲငါပြောခဲ့တယ်
ခုတော့ငါမေးချင်တယ်
မင်းငါ့ကိုဘယ်လောက်ချစ်သလဲကွယ်..

ကဗျာလေးကတော်တော်ကောင်းတယ်အစ်မ ..။ ဘာတွေဖြစ်နေတာလဲ…။ဆွေးနေတယ်ပေါ့..။ ဘယ်မှာမှမတွေ့ဖြစ်တာကြာပြီ…။ အရင်လိုပျော်ပျော်နေနော်..အားတင်းထား clapping::)

commentinfo By: နေညို at Sep 20, 2010
Comment #6

သူတို့ပြောသလိုပဲ……
ကောင်းတယ်ဗျာ လို့ပဲ ပြောနိုင်တော့တယ်…

commentinfo By: ic23u0 at Oct 18, 2010
Comment #7

I like amaya ‘ s poems .

commentinfo By: take it easy at Jul 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment