Professional Authors

ပန်းကလေး

တကယ်လို့
မွန်းကြပ်မှုတွေသာ
ပွင့်ချပ်တွေဖြစ်ခဲ့ရင်
ပန်းလေးတွေပွင့်လာဖို့
မျှော်လင့်မိတာပဲ………
ဒါပေမယ့်
ကြွေလွင့်ချိန်က
အနိဌာရုံဆိုရင်တော့
ပွင့်ချပ်တွေကိုသော့ခတ်ဖို့
ရူးသွပ်စွာကြိုးစားမိမှာပဲ….
တကယ်တော့
မြေထဲကရေသောက်
လေထဲကနေကိုယူ
လှပစွာဝင့်ကြွား
အချိန်တန်ကြွေသွားရပေမယ့်
ပွင့်ရဲတဲ့သတ်တိရှိတဲ့
ပန်းလေးတစ်ပွင့်ပဲ
ဖြစ်ချင်တယ်………..

In: ကဗျာ Posted By: Date: Sep 17, 2010
Comment #1

ကြိုက်တယ်ဗျှာ .။

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment