Professional Authors

တကယ်တော့……….

တကယ်တော့………….ငါဟာ
သေဆုံးနေခဲ့တာပါ။
ဘယ်သူမှလဲ မသိ
ငါကိုယ်တိုင်တောင်မသိခဲ့ဘူး။

တကယ်တော့…………ငါဟာ
မျှော်လင့်ခြင်းတွေကို ဟန်ပြပြီး
အသက်ရှင်ခြင်ယောင်ဆောင်နေတဲ့
လူတစ်ယောက်ပါ။

တကယ်တော့………….ငါဟာ
စိတ်ကူးယဉ်ခြင်းတွေထဲမှာ ပျော်ဝင်ပြီး
အိပ်မက်တွေထဲမှာပဲ ယဉ်တစ်ကိုယ်စာ
ကူးခတ်နေသူတစ်ယောက်ပါ။

တကယ်တော့…………..ငါဟာ
အထီးကျန်ခြင်းတွေကို အဖေါ်ပြုပြီး
တစ်ယောက်တည်း
ကမ္ဘာတစ်ခု တည်ဆောက်ဖို့
ကြံစည်နေသူတစ်ယောက်ပါ။

တကယ်တော့………….ငါဟာ
အတိတ်ကိုပဲ ရစ်မူးခုံမင်နေပြီး
အရာအားလုံးကို
မေ့လျော့နေသူ တစ်ယောက်ပါ။

အမှန်တကယ်တော့…………ငါဟာ
မျိုသိပ်ခြင်းများစွါနဲ့
ယဉ်ယဉ်လေး ရူးနေခဲ့သူပါ။

                                  နွေ

In: ကဗျာ Posted By: Date: Sep 16, 2010
Comment #1

တကယ်တော့………….ငါဟာ
သေဆုံးနေခဲ့တာပါ။
ဘယ်သူမှလဲ မသိ
ငါကိုယ်တိုင်တောင်မသိခဲ့ဘူး။
အားပေးသွားတယ်နော်…….နွေ

commentinfo By: ကြယ်စင်နတ်သမီး at Jun 11, 2011
Comment #2

တကယ်တော့………….ငါဟာ
သေဆုံးနေခဲ့တာပါ။
ဘယ်သူမှလဲ မသိ
ငါကိုယ်တိုင်တောင်မသိခဲ့ဘူး။

commentinfo By: အသဲကွဲမိုး at Jul 8, 2011
Comment #3

1 ke dot yin yin lay u nay tar ma hote par bu,,
u chin yaung saung nay de loh pe myin par de ,,
he,,he,,
a hman tine pyaw dar,,
sate ma soe ne naw,

commentinfo By: ei lay at Feb 15, 2012
Comment #4

အင်း .. ကဗျာလေးက ခံစားရတယ် …..
ကြိုက်တယ် …..

commentinfo By: dreamgirl at Feb 15, 2012
Comment #5

ကျေးဇူးတင်ပါတယ် အားလုံးကို

commentinfo By: Nwae at Feb 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment