Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

အလံမလဲမြို့ (ဖြိုးဖြိုး)

မေမေ့ရင်ခွင်ဆိုတာ
သမီးအတွက်တော့
နောက်ဆုံးခံတပ်မြို့လေးပါ..

အဲဒီမြိုလေးမှာပေါ့
သင့်ရဲ့လားလို့
တွေးတောချင့်ချိန်မှုတွေမလိုဘဲ
ချွဲနွဲ့ပြောဆိုလုပ်ကိုင်ခွင့်တွေအပိုင်စားရထားတဲ့
သမီးရဲ့ ကိုယ်ပိုင်လိုင်စင်လေးရှိတယ်..

အဲဒီမြို့လေးမှာပေါ့
မေတ္တာ၊ စေတနာ၊ ကရုဏာ တွေရဲ့
စာလုံးပေါင်းအမှန်တွေရှာလို့ရတဲ့
သမီးရဲ့ သတ်ပုံကျမ်းလေးလည်း ရှိတယ်..

အဲဒီမြို့လေးမှာပေါ့
မေမေ ပြောလို့မပြီးသေးတဲ့
ယဉ်ကျေးစေဖို့
စာနာတတ်ဖို့
လိမ္မာစေဖို့
ချစ်ခင်တတ်ဖို့
……
….
..
အစရှိတဲ့
သမီးအတွက် အိပ်ရာဝင်ပုံပြင်တွေရှိတယ်..

အဲဒီမြို့လေးမှာပေါ့
ဝမ်းနည်းအားငယ်မှုတွေကို
ဖျောက်ခနဲ ပျောက်စေနိုင်တဲ့
မှော်အောင်းနေတဲ့ လက်တစ်စုံလည်း ရှိတယ်..

စစ်သည်လေးသိန်းမက
ခံတပ်မြို့က
သမီးချစ်တဲ့ စစ်သူကြီးရေ………….
ရင်ခွင်ပိုက်
အလွမ်းတွေကို
လူမမြင်အောင်ရှိုက်ဖို့
အဲဒီမြို့ဆီ
သမီး ဦးညွတ်ပြီး
ပြန်လာပြီ..

ဖြိုးဖြိုး
Sept 16, Thursday, 12:04 AM

/* ပြန်ပလိုက်တာ ကဗျာထဲကနေ မေမေ့ဆီကို…. (: */

In: ကဗျာ Posted By: Date: Sep 15, 2010
Comment #1

ညီမလည်းလိုက်ခဲ့ပြီ… မေမေ့ကိုလွမ်းလို့.. 🙂

commentinfo By: မြတ်ချစ် at Sep 15, 2010
Comment #2

ကောင်းကွာ ကဗျာထဲကတောင် ဖမ်းပြန်လိုက်သေးတယ်…
မိုက်တယ်ဟေ့ ကဗျာလဲမိုက်တယ်ဟ..
🙂

commentinfo By: ic23u0 at Sep 16, 2010
Comment #3

တစ်နေ့
မင်းကိုယ်တိုင်..
စစ်သူကြီးအဖြစ်နဲ့ အုပ်ချုပ်ရမယ့် အချိန်တွေအတွက်လည်း…
ပြင်ဆင်ထား စေချင်ပါတယ်… 🙂

commentinfo By: sorrower.kl at Sep 16, 2010
Comment #4

ပြန်ချင်လိုက်တာ…။
အားလုံးမျှော်လင့်သော
သစ္စာတရားများ ထွန်းကားရာ
အိမ်ဆိုတာက အဝေးမှာ……….. ဖြစ်…. နေ……….တယ်………။း(

commentinfo By: John Moe Eain at Sep 16, 2010
Comment #5

အဲဒီ မြို့ကလေးကို
အခါခါ ပုန်ကန်ခဲ့ဖူးတယ် ။
တတ် … သိမှု မရှိတဲ့
တစ်ထွာတစ်မိုက် ဥာဏ်နဲ့ပေါ့ ။
ဖြိုးဖြိုး ရဲ့ ကဗျာကို ခံစားရပါတယ် ။

Comment #6

စစ်သည်လေးသိန်းမက
ခံတပ်မြို့က
သမီးချစ်တဲ့ စစ်သူကြီးရေ………….
ရင်ခွင်ပိုက်
အလွမ်းတွေကို
လူမမြင်အောင်ရှိုက်ဖို့
အဲဒီမြို့ဆီ
သမီး ဦးညွတ်ပြီး
ပြန်လာပြီ..၊

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #7

မေမေ့ရင်ခွင်ဆိုတာ
သမီးအတွက်တော့
နောက်ဆုံးခံတပ်မြို့လေးပါ..
ကောင်းတယ်ဗျာ..တင်စား ထားပုံလေးက

Comment #8

ကဗျာရေးသူတစ်ယောက်
သူ့ ချက်ကြိုး ခွဲခွါရာဂါမ တော့ ပန်ချီဆွဲသင့်တယ်
ဟုတ်တယ် အဲဒီမြို့ 

commentinfo By: ချစ်မိုးဦး at Oct 23, 2011
Comment #9

နှစ်သက်စွာအားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #10

အမေ့မေတ္တာဖွဲ့ကို အကောင်းဆုံးထင်ဟပ်ပြနိုင်တဲ့ ကဗျာလေးပါ။သိပ်ကောင်းတဲ့ ကဗျာဆန်တဲ့ အသုံးအနှုန်းလေးတွေ တွေ့ရလို့အံ့သြမိပါတယ်။

commentinfo By: lighthunter at Dec 16, 2012
Comment #11

မင်းကိုယ်တိုင်ကြုံတွေ့မဲ့
အခက်အခဲတွေကို
အောင်မြင်နိင်ပါစေ
မိန်းကလေး

commentinfo By: saikungkhant at Mar 20, 2013
Comment #12

မိန်းကလေး မင်းနဲ့ ကဗျာအကြောင်း ဆွေးနွေးချင်ပါသေးတယ်
[email protected] ကကိုယ်အကောင့်ပါ

commentinfo By: saikungkhant at Mar 20, 2013
Comment #13

အဲ့ဒီမြို့လေးနဲ့ ဝေးနေခဲ့တာ သိပ်ကိုကြာခဲ့ပြီ
တစ်ခါတစ်လေ လောကဓံကရိုက်လို့
ဒီမြို့လေးက မိုက်တယ်ဆိုပြီး ပြန်မလာနဲ့လို့မဆိုဘူး

သိပ်ကိုကျေးဇူးတင်ပါတယ်

commentinfo By: naungyoesit at Mar 20, 2014
Comment #14

အတွေးအခေါ်ရော…အရေးအသားရော….နှစ်သက်ပါတယ်…အားပေးသွားတယ်နော်

commentinfo By: niaallin at Mar 22, 2014
Comment #15

ဘ၀တူတွေ 🙁 ခုထိ အဲဒီမြို့လေးနဲ့ဝေးဆဲ

commentinfo By: naynyo23 at Nov 7, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment