Professional Authors

သုည


ဘယ်သူမှ အနားမှာမရှိလဲ

ငါနေတတ်တယ်

စာရွက်တစ်ရွက်နဲ့ ခဲတံသာပေးထား

ငါကဗျာထိုင်ရေးမယ်။

 

ဘဝက အနားသတ်မညီတဲ့ ပုစ္ဆာ

သုညလား ဝလုံးလား မခွဲမိတော့

ဘဝက ကောင်းသလား ဆိုးသလား

ငါမမြင်တတ်မိပေါ့

 

မိုးရွာရင် ကွေးဖို့လောက်ပဲသိတဲ့ကောင်

မိုးယိုနေရင်တောင် နေရာရွေ့အိပ်တယ်

ပြတင်းတံခါး အရှိအတိုင်းထားလို့

ငါ့ဘဝက အဲလိုပဲ အေးချမ်းတယ်

 

တစ်ခါတစ်လေ ရေတစ်ခွက်

တစ်ခါတစ်လေ တစ်နပ်ထမင်းနဲ့

မနက် ည ဖူလုံလို့

ဝမ်းဟာတဲ့နေ့တွေ မေ့ခဲ့ဖူးတယ်

 

တစ်ခါတစ်လေလဲ စိတ်ကူးယဉ်လို့

ငါနဲ့ မအပ်စပ်တဲ့ “ချစ်သူ“ဆိုတဲ့ စာသား

ခဏ ခဏ ရွတ်ကြည့်မိတဲ့အခါအတိုင်း

ငါတစ်ခါပြုံးတယ်

 

ဝင်လာပါ ဒုက္ခတွေ

ဝင်လာပါ ဆင်းရဲခြင်းတွေ

ငါ့ကိုမှခြောက်လှန့် ချင်တယ် ဆိုလဲ

ဟန်ပြတော့ လန့်ပေးမယ်

 

ဘာကိုမှ မရည်ရွယ်ပါဘူး

ဟိုဟာတိုးတက်ဖို့တွေ ဒီဟာတိုးတက်ဖို့တွေ

ငါ့စိတ်ရဲ့ ငြိမ်းချမ်းခြင်းအတွက်ပဲ

ဒီကဗျာကို ငါရေးတယ်…

 

ကြက်ခြေခတ် X

13 sep Monday 08:57pm 

 

 

In: ကဗျာ Posted By: Date: Sep 13, 2010
Comment #1

အင်း အေးချမ်းတာပေါ့

commentinfo By: jenny at Sep 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment