Professional Authors

“အိမ်” လွမ်းသူ

” အိမ် ”  လွမ်းသူ

နွေနေက ပူတယ်။
နွေလေကလဲ ပူတယ်။

နေပူ လေပူ တွေနဲ့
အရောင်စုံ ပန်ချီကားကို
ဖြတ်သန်းခုတ်မောင်း
ဘ၀ ပေါင်းစုံကို တင်ဆောင်လာတဲ့
ရထားအို တစ်စင်းထဲ
အိမ်ခွါသူ ငါ့အလွမ်းတွေနဲ့
အရာအားလုံးနဲ့အတူ
လိုက်ပါစီးမျောခဲ့။

အပြာရောင်အနာဂါတ်ကို
ပိုင်ဆိုင်နိုင်ဖို့
လုံခြုံနွေးထွေးတဲ့
လေပြေလေညှင်းကို စွန့်ခွါ
ဓါထု အငွေ့အသက်တွေနဲ့
ပြည့်နေတဲ့ လေကို ရှုရှိုက်ရင်း
ငါလျှောက်နေတဲ့လမ်း
အတိတ်ကို လွမ်းရင်းနဲ့ပေါ့……။

ဘာပဲဖြစ်ဖြစ်
မနက်ဖြန်တွေ လှပဖို့
ဆက်လက်လျှောက်လှမ်းနေရအုံးမှာပဲ။

နွေနေက ပူတယ်။
နွေလေကလဲ ပူတယ်။

                                                နွေ

In: ကဗျာ Posted By: Date: Sep 13, 2010
Comment #1

အားပေးခံစားသွားပါတယ်ဗျာ

commentinfo By: နိုးဆက် at Mar 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment