Professional Authors

စုန်းတိုက်ခံရတဲ့နေ့ (တာရာမင်းဝေ)

သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။

ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် ..။ ။

တာရာမင်းဝေ
၂၇.၅.၂၀၀၂

/* စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ ဆိုတဲ့နေရာက သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည်  ဆိုတဲ့ post က ဖတ်ခွင့်ရပြီး တစ်ဆင့် ဖော်ပြတာပါ */

 

 

Comment #1

ကျေးဇူးတင်ပါတယ်။ အခုလိုတစ်စုတစ်စည်းတည်း ဖတ်ရလို့။ very thz

commentinfo By: တာရာချစ်သူ at Sep 14, 2010
Comment #2

သူ့စာသား တွေမှာ သံလိုက်ဓါတ် ပါနေတယ်လို့ ခံစားရတယ်…မစဉ်းစားမိခင် အချိန်အတွင်းမှာပဲ သွားပြီးငြိလွယ်တယ်လို့ ထင်တယ်

commentinfo By: လင်းနရီ at Oct 16, 2010
Comment #3

ဟုတ်တယ်…… တအားကို သိမ်မွေ့နက်နဲလွန်းတယ်နော်
ဆရာမင်းခိုက်စိုးစန်ရဲ့ အရေးအသားကိုလဲ သိပ်သဘောကျတာပဲ

commentinfo By: kabyarcho at Oct 27, 2010
Comment #4

အရမ်းကောင်းတယ် ဆွဲဆောင်မှုရှိတယ်ဆိုတာထက်ပိုတယ်ဗျာ

commentinfo By: ကျော်စွာ at Apr 17, 2011
Comment #5

စာသားလေးတွေကိုဖတ်နေရင်းနဲ. ကိုယ်.ကိုယ်ကို ကဗျာထဲရောက်သွားသလိုရေးနိုင်တဲ. သူတစ်ယောက်မရှိတော.တာ တကယ်နှမြောမိပါတယ် အခုလိုဖတ်ရလို.ကျေးဇူးတင်ပါတယ်။

commentinfo By: မေစုလှိုင် at Jan 1, 2012
Comment #6

သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။

ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် ..။ ။

commentinfo By: May Kha at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment