Professional Authors

ဓါးစာခံကဗျာ (Kitty Yang)

မျက်ရည်မိုးကသဲသဲ

မဆဲပဲ လျှပ်စီးတွေပါကျဲ

ဘလောင်စူအောင်ကွဲနေလည်း

သူတို့အတွက်တော့

အပ်ကျသံသက်သက်ပဲ…

ထားပါလေ….

သူတို့အမြင်တော့

မဖြစ်စလောက်ပဲလေ…

မသေလောက်ပါဘူး။

 

ငါ့ကိုခြေစုံဖမ်းပြီး

လှောင်အိမ်ထဲကောက်ထည့်ရအောင်

ငါက ငှက်မှမဟုတ်ပဲ။

 

အထီးကျန်တယ်

ဒါပေမယ့်

ငြိမ်သက်စွာရူးသွပ်တယ်

တိတ်ဆိတ်ခြင်းဆိုတာ

ပေါလွန်းလို့

ပိသာချိန်နဲ့ ရောင်းစားလို့ရတယ်..။

 

အတွေးအခေါ်သမားတော့

မဟုတ်ဘူး… ဒါပေမယ့်

တစ်ခါတစ်ရံ

အတွေးချောသူ…။

 

လိုအပ်ခြင်းဆိုတာ

နာကျင်ခြင်းရဲ့အစဆိုရင်

ငါဘယ်သူမှ မလိုချင်ဘူး…

ဒဏ်ရာတွေနဲ့ဝေးအောင်

မင်းတို့တွေလည်း ဂျောင်း..။

 

အနာခံမှ

အသာစံရမယ်တဲ့…

ထုံထိုင်းကာသွားခဲ့တယ်

ဒါပေမယ့်

ဘယ်နှခါသာဖူးလို့လဲ…။

 

ငါအပြစ်နဲ့ငါပဲ

ပျံသန်းမှုကင်းမဲ့ဇုံထဲမှ

diving ထိုးခဲ့တာကိုး..။

 

အားတော့နာပါတယ်

ကဗျာလေးရယ်..

ကြံရာမရတိုင်း

မင်းစီပဲလာရတယ်

ဒီညတော့

မင်းဟာ ငါ၏ဓါးစာခံ

ပေါက်ကွဲသံစဉ်..။ 

 

Kitty Yang

 

12th September 2010

12:16 am

In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

ဒါပေမယ့်
ငြိမ်သက်စွာရူးသွပ်တယ်..

အတွေးအခေါ်သမားတော့
မဟုတ်ဘူး… ဒါပေမယ့်
တစ်ခါတစ်ရံ
အတွေးချောသူ…။ (: (:

ဖြိုးကတော့ တစ်ခါတစ်ရံ ဟုတ်ဘူး ever ချောနေလို့… 😛 (: (: (:

commentinfo By: ဖြိုးဖြိုး at Sep 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment