Professional Authors

တခါတလေအတွေး

ကွဲကွာခြင်းအတွက်
အပြစ်ပေးကြေးဆိုရင်
ငါ့ကိုယ်ငါပဲ ခုံရုံးတင်လိုက်ပါ့မယ်ချစ်သူ။
နင်ထားခဲ့တဲ့ အကြောင်းပြချက်တွေအတွက်
ငါကိုယ်တိုင်က အလိုတူခဲ့မိလို့လေ။

တရားလိုဖြစ်နေပေမယ့်
တရားခံအတွက် လျှောက်လဲချက် ရှာပေးနေမိသလိုပဲ
နင့်အတွက်ဆိုရင်
အပြစ်မတွက်မိလောက်အောင်
အချစ်တွေပဲဆက်နေမိတယ်။

နောင်တနေ့ ပြန်တွေ့တဲ့ အခါတိုင်းလည်း
ဆုံခဲ့ဖူးတဲ့ အတိတ်တွေအတွက်
နောင်တမရခဲ့မိတဲ့ အကြောင်း
နင့်ကိုပြောပြချင်မိတယ်။

အမြဲတမ်းမဟုတ်ပေမယ့်
တိုက်ဆိုင်မှုရဲ့တခါတလေတိုင်းမှာတော့
နင့်ကိုချစ်တဲ့အကြောင်း
တွေးနေဦးမှာပါ ချစ်သူ။(နင်မသိပေမယ့်လည်းပေါ့)

In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

မှန်တယ်

commentinfo By: ရဲကို at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment