Professional Authors

အသည်းကွဲခြင်း ညည်းချင်း

ကျွန်တော်ကတော့
ပြေးပြေးလွှားလွှား
သွားခဲ့ရတယ်…။
မြတ်မြတ်နိုးနိုး
ဖွင့်ပြောခဲ့တယ်…။
ကြည်ကြည်နူးနူး
မျှော်လင့်ခဲ့တယ်…။
သူမကတော့
ခါးခါးသီးသီး
ငြင်းခဲ့တယ်..။
ရင့်ရင့်သီးသီး
ဆက်ဆံခဲ့တယ်…။
ပိုးစိုးပက်စက်
ပြောလွှတ်ခဲ့တယ်…။
ထို့နောက်
စိတ်ပျက်လက်ပျက်
ကျွန်တော်ပြန်ခဲ့တယ်…။
အားရပါးရ
ငိုကြွေးခဲ့တယ်…။
အပြင်းအထန်
နောင်တရမိတယ်…။
သူမကတော့ သူငယ်ချင်းများနဲ့
ဟက်ဟက်ပက်ပက်
ရယ်မောခဲ့တယ်..။
အားရပါးရ
ဂုဏ်ယူနေတယ်…။
ခပ်ပေါ့ပေါ့ပဲ
နေခဲ့ကြတယ်….။
နောက်ဆုံးရလဒ်
ကျွန်တော်ကတော့ ဒီလုပ်ရက်အတွက်
အဖန်ငါးရာငါးကမ္ဘာ
ခံရတော့မယ်…။
သူမကတော့ သူချစ်သူုနဲ့
ပျော်ပျော်ရွှင်ရွှင်
လက်တွဲခဲ့တယ်…။

In: ကဗျာ Posted By: Date: Sep 8, 2010
Comment #1

ကိုယ်ချင်းစာပါတယ်။

commentinfo By: dan at Sep 9, 2010
Comment #2

i never thinking a bout the loser , you may cry that is be so bad your life feeling ,your never did not made broken your heart , if you want to make like this first time need keeping out of your heart in your body (example for the reason)

commentinfo By: cyclone at Sep 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment