Professional Authors

ချစ်နေမဲ့သူ

မနေ့က ချစ်တယ်ဆိုလည်း
ဒီနေ့မှာ မုန်းခံရသူပါ။
အချစ်က စစ်တယ်ဆိုလည်း
အပြစ်က များနေခဲ့သူပါ။
အရှုပ်တွေ မရှင်းနိုင်ခဲ့လို့
အချုပ်မှာ ရှုံးနိုမ့်ခဲ့သူပါ။
အပြုံးတွေ မထိန်းနိုင်ခဲ့လို့
အမုန်းနဲ့ ကျေနပ်ရသူပါ။
နှလုံးသားက နာကျင်နေလဲ
ရင်ခုန်သံ ထုတ်ပြချင်သူပါ။
မင်းလေးက ထားရစ်ခဲ့လည်း
မင်းလေးကို ချစ်နေမဲ့သူပါ။

In: ကဗျာ Posted By: Date: Sep 6, 2010
Comment #1

hello!မသိလို.တစ်ခုမေးပါရစေနော်။အချုပ်ဆိုတာအချုပ်ခန်းကိုပြောတာလားပာင်

commentinfo By: laypyay win at Sep 6, 2010
Comment #2

နိဂုံးချုပ် ကို ပြောတာထင်တယ်။…ဟာ မဟုတ်သေးပါဘူး လပြည့် ဝန်းက နောက်တာထင်တယ်…

commentinfo By: dan at Sep 6, 2010
Comment #3

ရင်ခုန်ခြင်းအစ
မြတ်နိုးခြင်းအလယ်
သစ္စာတရားနဲ့အဆုံးသတ်
မင်းတသက်လုံးမမုန်းရက်အောင်
ချစ်မယ့်လူပါ….

commentinfo By: အာကာ at Sep 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment