Professional Authors

တယောထိုးသော Computer

ဒုက္ခအပေးဆုံး Virus ၁ကောင်
မွေးဖွားပေးမလို့ 
ဒါနဲ့ ပဲ နေ့ တွေဖြတ်သန်းသွားခဲ့…
တနေ့ ကမှ ကလေးတစ်ယောက်က
ပြောသွားတာ Format C:
ဒီနည်းနဲ့ ပဲ နှလုံးသားကို
Format ချထားခဲ့ပေါ့ (RAW)

ခက်တာပဲ
ဘယ်သူမသိ File System တွေ
လာရေးသွားတယ်
စုံစမ်းနေတုန်း
OS သွင်းသွားပြန်တယ်
Copy Right ညှိမှာစိုးလို့ 
Scan ဖတ်နေတုန်း…

ဆွဲဆောင်အားကောင်းတဲ့
“နှုတ်ခမ်းပါး” Interface တွေ
ယုံကြည်လောက်တဲ့
“စကားလုံး” Protection တွေ
စွဲမက်ဖွယ်ကောင်းတဲ့
“ပါးချိုင့်လေး” လို Utility တွေ
သာယာနာပျော်ဖွယ်ကောင်းတဲ့
“ရယ်သံ” လို Sound effect တွေ
ရင်ခုန်ဖွယ်ကောင်းတဲ့
“အကြည့်”လို Function တွေ
သွင်းသွားပြီးမှ

ဒီတသက် ဒီOSနဲ့ ပဲ
အရိုးထုတ်တော့မယ်
Confrimation-Yes တွေ
အကြိမ်ကြိမ်ပေးခဲ့အပြီးမှာ

System တစ်ခုလုံး
သုံးစားမရအောင် Hang သွားလို့ 
Reset လည်းအလုပ်မလုပ်
Power ကလည်း
ဖြတ်မရတဲ့ သံယောဇဉ်ဖြစ်နေတော့
Format ဆိုတာကိုလည်း
တမင်မေ့ထားမိတော့

သြော်…
နောက်ဆုံးမှငါသိလိုက်ရတယ်
Venus နဲ့  Nemesis ကနေ
Reincarnate ဖြစ်လာတဲ့
Vemesis ဆိုတဲ့
Virus တဲ့…
Aphrodite version ဆိုပဲ

In: ကဗျာ Posted By: Date: Sep 6, 2010
Comment #1

အကိုကတော့ရေးလိုက်မှဖြင့် (သောက်) ၇မ်းကိုမိုက်တယ်

commentinfo By: saint at Nov 20, 2010
Comment #2

Wow…
A yann mike de.
A yann daw dar be kwar.
A yann ko laee sarr de.

commentinfo By: ei lay at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment