Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34816 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

အိပ်မက်ဝိုင်

” အိပ်မက်ဝိုင် “
မြူမှုန်ဝေသီ
ရီဝေလွင့်မျော
ဟိုး . . . အဝေး နှင်းတောထဲမှာ
တစ်ခြမ်းပဲ လမင်းလေး စီးမျောလို့ .

အလွမ်းတစ်ကျိုက်လောက်
ရှိုက်လိုက်မိပြီဆိုမှဖြင့်
ဝမ်းနည်းမှု သိုးရေကို ခြုံ
ကြေကွဲခြင်းလောင်စာတွေ စုပုံရှို့ ပြီး
ရင်နွမ်းပြေ လှုံနေမိမြဲ .

သူငယ်ချင်းရေ . . .
ငါကိုယ်တိုင်က
အမှတ်တရ မီးအိမ်ကို ရိုက်ချိုးပြီး
ကိုယ့်ကိုကိုယ်
ထိုးကျွေးလောင်ကျွမ်းပစ်နေခဲ့တဲ့
ခပ်ဆန်းဆန်း သတ္တ၀ါ .

ငါ လူဆိုးပါ – ငါ့ချစ်သူရာ .
ခုတော့ . . .
ကြေကွဲခြင်း ဒဏ်ရာတွေနဲ့ပေါ့
မီးကိုမှ သွားဆော့မိတာကိုး
အဆိုးတွေ ကြုံရတာ မဆန်းပါဘူး .

အိပ်မက်ကို ရူးသွပ်ခဲ့မိတယ် .
အိပ်မက်မှာ စီးမျောခဲ့မိတယ် .
မှားတယ်ဆိုတာ သိရဲ့နဲ့
အချစ်ဆိုတဲ့ ၀ဲဂယက်ထဲ
ခပ်ရဲရဲ တိုးဝင် . . . . .

ပန်းကို လိုချင်ရင်
အပင်ကို ချိုးရတယ်ဆိုတာ
အတွေးနဲ့တင် ရှက်စရာ . . .
ခက်တာက -
ငါ့ ဥယျာဉ်ထဲက ပန်းလေးခမျာ
ရနံ့ပါမလာရှာဘူး .

လွန်လေပြီးသော December က
စွဲလမ်းမှုလို့ အမည်ရတဲ့ ၀ိုင်တစ်ခွက်
ငါ … တပ်မက်စွာ သောက်သုံးခဲ့တယ်.
အဲဒီ ၀ိုင်ထဲမှာ -
Coffee Shop တစ်ခုပါတယ် .
ဆင်ခြင်တုံ့တရား ကင်းမဲ့ခြင်းတွေပါတယ် .
အိပ်မက်နဲ့ ရက်လုပ်သော ၀တ်ရုံတစ်ထည်ပါတယ် .
ဝေခွဲမရတဲ့ အတွေးတစ်ချို့ပါတယ် .
သူငယ်ချင်းနဲ့ ချစ်သူဆိုတဲ့ စကားလုံး နှစ်ခုပါတယ် .
facebook က သူ့ ဓာတ်ပုံလေးတွေ ပါတယ် .
မဖြစ်သင့်ပါဘူးလေဆိုတဲ့ အားလျှော့စိတ်ပါတယ် .
ကြိုးစားကြည့်တာ မမှားပါဘူးလေဆိုတဲ့ အတ္တ၀ါဒီပါတယ် .
၁၅၀၀ နဲ့ ၅၂၈ လွန်ဆွဲပွဲ ပါတယ် .
. . . . . ပါတယ် . . . . . ပါတယ် . . . . . ပါတယ် .

သိပ်မကြာသေးပါဘူး .
ငါ -
မူးခဲ့တယ် .
ရူးခဲ့တယ် . . .
အမှားပင်လယ်ထဲမှာ ရွက်လွှင့်ရင်း
မျှော်လင့်ခြင်း တစ်ခုတလေများ ကောက်ရလေမလားလို့
အိပ်မက်ထဲမှာပဲ အိပ်မက်
အဆိပ်တက်ပြီ ထင်ပါရဲ့ .

စည်ကားနေဆဲ တစ်ချိန်က မြို့တော်ဟောင်းတစ်ခုရဲ့
လင်းတလှည့် မှိန်တစ်လှည့် ညတွေအောက်မှာ
ကဗျာမဆန်တဲ့ နှလုံးသားပိုင်ရှင် ဒီကောင်က
တောင်ဘက်ကျွန်း တစ်နေရာဆီကို
မှန်းမျှော်လွမ်းနေမိတာ . . .
အဲဒီလောက်တောင် ရီစရာ ကောင်းနေခဲ့ပါသလား ?

ချစ်ရသူရေ . . .
မှန်သောစကားကိုဆိုမယ် .
သစ္စာလို့ ခေါ်မယ်ဆိုလဲ ရရဲ့ .
မှားတဲ့ဘက်မှာ နေထိုင်ရင်း
မင်းကို ငါ . . . ရူးမိုက်စွာနဲ့ ချစ်ခဲ့တယ် .
အဲဒါမှားလား – အမှားတဲ့လားကွယ် .
စကတည်းကိုက မှားတဲ့ဘက်
မျက်ရည်တစ်စက် ပါးထက် ကြွေတယ် .

( ခုတော့ )
ငါ – လွမ်းလို့ . . . ရူး
ရူးလို့ လွမ်းတာပါ သူငယ်ချင်းရယ် .
နင် သိလိုက်ပါရဲ့လား
ယမန်ညက -
ကြယ်တစ်ပွင့် ကြွေတယ် .

– စိုးသူရ -

In: Others,ကဗျာ Posted By: Date: Sep 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)