Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34811 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ပြာသိုလပြည့်နေ့အမှတ်တရ

လောကဓံ လှိုင်းကြမ်းထဲ
ဘ၀ကလည်း…..
ပေါ်ချည်တခါ မြှုပ်ချည်တလှည့်
ဒဏ်ရာတွေကလည်း….
အထပ်ထပ်နဲ့ပေါ့  အမေ ။
တခါတခါ….
ကံကြမ္မာက ကျီစယ်လိုက်တာများ…
ရေပေါ် အရုပ်ရေးမိသလိုမျိုး….
တောက နက်လာလေလေ
တောပိုချောက်လာတယ် အမေ  ။
ရောင်စုံကွင်းပြင်ထဲ
“အရှုံး နဲ့ အနိုင်”
တိုက်ပွဲကလည်း…
ကြည့်လို့မကောင်းဘူး……
“အမှန် နဲ့ အမှား”
စီးချင်းထိုးပွဲကလည်း…
ဘက်မညီဘူး  အမေ ။
တခါတခါ….
ကိုယ့်ကိုယ်ကိုယ်
ပြန်ပြန်တိုက်နေရတဲ့…
ပွဲတွေနဲ့ပဲ…….
အလူးအလဲ ပြန်ပြန်ထနေရတယ် ။
ဘ၀ဆိုတာ….
တာဝေးကွင်းလိုပဲ
သက်လုံကောင်းမှ
ပန်းတိုင်ရောက်မယ်……
ဇွဲနဲ့ရင်းမှ…
အောင်ပွဲရမယ်…..
လုံ့လစိုက်မှ
အကျိုးအမြတ်ရှိမယ်…
အမေပြောနေကျစကားလေး…
ခုထိ ကြားယောင်ဆဲ….။
အမေပေးတဲ့ အသိပညာ၊
အမေမွေးမြူပေးတဲ့ စိတ်ဓာတ်၊
အမေ့မေတ္တာတွေ
ပေါင်းစပ်ပြီး…..
ဘ၀ကွင်းပြင်ထဲက
တိုက်ပွဲတိုင်း (ပြိုင်ပွဲတိုင်း) ကို
“အနိုင်မခံ ၊ အရှုံးမပေး” စိတ်ဓာတ် နဲ့
ဆက်လက် တိုက်ပွဲဝင်နေဆဲပါ  အမေ ။         ။

In: ကဗျာ Posted By: Date: Sep 4, 2010
Comment #1

ဘ၀ဆိုတာ….
တာဝေးကွင်းလိုပဲ
သက်လုံကောင်းမှ
ပန်းတိုင်ရောက်မယ်……။

း)
:yes!

commentinfo By: John Moe Eain at Sep 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)