Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34816 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

လာခြင်းမကောင်းခဲ့သူ

အမေ . . .
ကျွန်တော် ချစ်တတ်ချင်ပြီ . . .
စိတ်ခံစားမှု ဆိုတဲ့ ချစ်ခြင်း ဆိုတာကို
ကျွန်တော် ခံစားဖူးချင်ပြီ အမေ . . .

ကျွန်တော့်မှာလဲ နှလုံးသားနဲ့ ပါ . . .
ကျွန်တော် တွေးတိုင်း မျက်ရည်စို့ မိပါတယ်
မွေးရာပါ ပညတ်ချက်တစ်ခု အနေနဲ့ 
ကျွန်တော် ကံမကောင်းခဲ့ပါဘူး အမေ . . .
လာခြင်းမကောင်းခဲ့သော ကျွန်တော်
ကံ လဲ မကောင်းခဲ့ပါဘူး . . .

ကံဆိုးကောင် သွားလေရာ
မိုး လိုက်လို့ ရွာ လို့ ဆိုရမလား အမေ . . .
ကျွန်တော်  လူတိုင်းရဲ့ တံတွေးခွက်မှာ မျောလို့ 
ဒီ လောကဓံ ကျွန်တော် ဘယ်လိုရင်ဆိုင်ရမလဲ
တွန်းလှန်ဖို့  အား ကျွန်တော့်လက်နှစ်ဖက်မှာ မရှိနိုင်ဘူးအမေ
ရင်တွေမောပြီး အန်ကြိတ်ပြုံးနေပါသလား အမေ
ဟောဒီ ကံဆိုးကောင်အတွက် မျက်ရည်မကျပါနဲ့ အမေ . . .

အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုလဲ
ကျွန်တော် ပေးဆပ်ကြည့်ချင်တယ် အမေ
တကယ်လို့ 
အချစ်ဆိုတာ စွန့် လွတ်ခြင်းဆိုလဲ
ကျွန်တော် စွန့် လွတ်ကြည့်ချင်တယ် အမေ
ဘယ်လို အကြောင်းပြချက်နဲ့ မှ
ကျွန်တော် ပေးဆပ်ခွင့်လဲ မရှိ
စွန့် လွတ်ခွင့်လဲ မရှိပါဘူး အမေ . . .

လူတွေက ပြောတယ် အမေ
“မင်းအတွက် မချစ်မရှိဘူး” တဲ့ 
ဘာပဲဖြစ်ဖြစ်ပါ . . .
ကျွန်တော် ချစ်တတ်ခဲ့ချင်တယ် . . .

ကျွန်တော့် အတ္တ ကျွန်တော့်မာန
ကျွန်တော် အတတ်နိုင်ဆုံးထိန်းပြီး 
အရာရာ အတွက် ကျွန်တော်သည်းခံခဲ့ပါတယ် အမေ . . .
ကျွန်တော် အကောင်းဆုံးကို မျှော်လင့်ထားပေမဲ့လဲ
ကျွန်တော် အဆိုးဆုံးတွေကို ရင်ဆိုင်ဖို့ အသင့်ပါ အမေ . . .

ကျွန်တော် သိခဲ့ရသလောက်ပေါ့ . . .
အချစ် ရာဇ၀င်မှာ
ရှင်မွေ့ နွန်း နဲ့ မင်းနန္ဒာ
ရိုမီရို နဲ့ ဂျူးလိယက် တို့ ဆိုတာ
အချစ် သူရဲကောင်းတွေပေါ့
ကျွန်တော် အချစ်အတွက်
တစ်ခါလောက်ပဲ ဖြစ်ဖြစ်
သူရဲကောင်း ဖြစ်ကြည့်ချင်တယ် အမေ . . .
“လုံးဝ မဖြစ်နိုင်ဘူး သား” လို့ တော့
မပြောပါနဲ့ အမေ . . .
မဖြစ်နိုင်မှန်း သိနှင့်နေပေမဲ့ 
မကြားဝံ့ လို့ ပါ အမေ . . .

သက်ပြင်းလေးတွေ ခိုးချ
မျက်ရည်တွေ လဲ ခဏခဏ ကျရပါတယ် . . .
လူမမြင်တဲ့ ချောင်တစ်နေရာ
ကျွန်တော် အမြဲလိုလို နေသားကျခဲ့ပါတယ် အမေ . . .
ရုပ်သေးတစ်ရုပ်လို
ကလိုက ငိုလိုငို ရယ်လိုရယ် နဲ့ 
နေလာရတဲ့ ကျွန်တော်တို့ က
ကံဇာတ်ဆရာရဲ့ ကြိုတင် စီမံခန့် ခွဲ မှုကို
ငြင်းချက် မထုတ်နိုင်ဘူးလေ အမေ . . .
ကျွန်တော် နားလည်ပါတယ် . . .

ခက်တယ် အမေ . . .
ကျွန်တော် ဘယ်လိုနေနေ မပျော်နိုင်ဘူး  . . .
အမေ တို့ လိုလေသေး မရှိအောင် ထားနိုင်ပေမဲ့လဲ
ကျွန်တော် မပျော်နိုင်ဘူး  . . .
အမေ တို့ ရဲ့ ၅၂၈ မေတ္တာအောက်မှာ ကျင်လည်လာရတဲ့ ကျွန်တော်
ချစ်သူ ရဲ့ ၁၅၀၀ မေတ္တာကို လိုချင်မိတာ ဆန်းသလား အမေ . . .
ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ အမေ . . .
ကျွန်တော်ကိုက လာခြင်းမကောင်းခဲ့သူ ပါ . . .

ဟိုနေ့ က ကျွန်တော့်သူငယ်ချင်းက
သူ့ ချစ်သူ နဲ့ လက်ချင်းတွဲပြီး 
ကျွန်တော့်ကို လာနှုတ်ဆက်တယ် အမေ . . .
ကျွန်တော်လဲ ကျွန်တော့်ချစ်သူ ကို
လက်ချင်းတွဲ ပြီး လျှောက်လည်ချင်တာပေါ့ အမေရယ် . . .
သတ်မှတ်ပြီးသား စည်းတစ်ခုကို မကျော်နိုင်တာတော့
ကျွန်တော့်ရဲ့ ကံ ပေါ့ အမေရယ် . . .

အရာရာ ကို ပညတ်ချက်ချထားခဲ့တဲ့  ကံတရား ကို
ကျွန်တော် မမုန်းတီးပါဘူး အမေ . . .
မိဘ ကျေးဇူးကို မဆပ်နိုင်
ချစ်သူ ဆိုတာကို မချစ်နိုင်ခဲ့တဲ့ 
ကျွန်တော့်ဘ၀ပေး ကံကိုတော့
ကျွန်တော် မုန်းတီးမိပါတယ် အမေ . . .
ကျွန်တော် နားလည်ပါတယ် အမေ
ကျွန်တော် နားလည်ပြီးသား
ပု စ္ဆာ တစ်ပုဒ်ကို ကျွန်တော် ရှင်းချက် မထုတ်ချင်ဘူး အမေ . . .
ကိုယ်ပြုခဲ့ဖူးတဲ့ အတိတ်ကံ ကိုယ့်ဆီပြန်တယ် လို့ ပဲ
သဘောထားနိုင်ခဲ့တယ် အမေ . . .

အမေ . . .
ကျွန်တော်လေ
အရင်ကလို ငိုမနေတော့ဘူး . . .
သက်ပြင်းတွေလဲ ချမနေတော့ဘူး . . .
ဒါပေမဲ့  . . .
ကျွန်တော်သာ
အမေမွေးကတည်းက
ပိုလီယို ဆိုတာ ဖြစ်မလာခဲ့ဘူး ဆိုရင်  . . . . . . . . . . . . . . . . . . .၊၊     ၊၊

လမင်းဇော်

———————————————————————————————————————————–
ပိုလီယို ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲကို ၀င်ဖတ်ရင်း ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ ၊၊   ၊၊

In: ကဗျာ Posted By: Date: Sep 3, 2010
Comment #1

ကြိုက်ပါတယ်
:)

commentinfo By: Anat Yong at Sep 4, 2010
Comment #2

ဒီကဗျာကိုကြိုက်တယ်….ခံစားလို့ရတယ်..သမီးကောင်လေးနေရာကခံစားပေးတာ..ရင်နင့်တယ်..ဒါမရ့်ကောင်လေးကတော့သန်သန်မာမာကောင်လေးပါ

commentinfo By: အာဒမ်ကိုကိုကိုချစ်တဲ့သူ.. at Sep 4, 2010
Comment #3

ကဗျာလေးက ကောင်းတယ်…အချစ်အမုန်းတွေပဲ ဖက်နေရတာထက်စာရင် feel တစ်မျိုးပေါ့

commentinfo By: လင်းဆက် at Sep 5, 2010
Comment #4

ကဗျာလေးက ကောင်းတယ်—ကျနော့်အကိုက —ပိုလီယိုဖြစ်ဖူးတယ်——ခြေထောက်မသန်ဘူး—တခါတလေ သူနဲ့ —-အမေဆီက အချစ်တွေကို —-လုယူဖူးတယ်—-ဒီကဗျာလေးကို ဖတ်ရတော့ —-အကို့ကိုသတိရတယ်

commentinfo By: khant gyi at Sep 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)