Professional Authors

နှစ်ကာလများ (မိုးဝေး)

မနက်ခင်းများ တဖျပ်ဖျပ်လွင့်ပြယ်ကုန်ပြီ
ယိုင်နဲ့တတ်တဲ့ ကမ္ဘာပေါ်မှာ
ယိုင်နဲ့တတ်သူ တစ်ယောက်။

လတ်ဆတ်မှုများအား ဘယ်သူသယ်ဆောင်သွားပါလိမ့်
သူ့ကြည့်ရတာ
လူ့ဘ၀ကိုဖြတ်သန်းလာခဲ့ရပုံပေါ်တယ်
တစ်နွေပြီးတစ်နွေ ပိုပြီးကြွပ်ဆတ်လာလိုက်တာ
အကိုင်းအခက်ဝေဖြာသော သစ်ရိပ်တောရိပ်
လွမ်းမောမိပါဘိ
တသွင်သွင်ပျောက်ဆုံးခဲ့သော ချိုမြိန်မှုများ။

ကန္တာရထဲကျ အက်ကွဲကြေရသော လမင်းလို
ပူလောင်ပြင်းပြမိတယ်။    ။

မိုးဝေး

(ရုပ်ရှင်တေးကဗျာ အောက်တိုဘာ ၁၉၉၇)

Leave Comments

Name*

Email*
Website
Email me whenever there is new comment