Professional Authors

ကျမ ရဲ့ ည

အသက်အရွယ် နဲ့
ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ပါ။

ခံစားချက်တွေ ၊ လိုအင်ဆန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒတွေ နဲ့
ကြိုက်နှစ်သက်မှုတွေ
အားလုံးပြောင်းလဲ လာခဲ့တယ်။

ဖြစ်သန်းခဲ့တဲ့ ခုနှစ် သက္ကရာဇ်တွေထဲမှာ
လပြည့် ညတွေကို ရင်ခုန်ခဲ့ဘူးတဲ့ ကျမ က
အခု လမိုက်ညကို  နှစ်သက်နေခဲ့မိပြီ။

လမင်းရဲ့ အလင်းရောင်အောက်မှာ
မှေးမှိန် ဖျော့တော့သွားတဲ့
ကြယ်ပွင့်လေးတွေကိုပဲ
တမ်းတနေမိတော့တယ်။

အမှောင်ဆိုတာ ညအတွက်ပဲ
မှောင်နေတဲ့ ည ကို
အသက်သွင်းဖို့
ကြယ်ပွင့်လေးတွေက
အသင့်တော်ဆုံပဲလို့ ကျမ ထင်တယ်။

ကြယ်ပွင့်လေးတွေနဲ့ လင်းလက်နေတဲ့
ကောင်းကင်ဟာ
အခုအချိန်မှာတော့
ကျမ အနှစ်သက်ဆုံး
ပန်ချီကား တစ်ချပ်ပဲ။

ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်တဲ့
( တကယ်ဆိုရင်ပေါ့ )
ကြယ်ကြွေတာကို ကြည့်ပြီးဆုတောင်းနေကြတဲ့အချိန်မှာ
ကျမက ကြယ်ပွင့်လေးတွေ
မြေမခ ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတော့တယ်။
အဲဒါ…..ကျမ ရဲ့
ရူးသွပ်မှု တစ်ခုပဲ ဖြစ်ပါလိမ့်မယ်….။

 
                                          ကောင်မလေး

In: ကဗျာ Posted By: Date: Sep 3, 2010
Comment #1

ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်တဲ့
( တကယ်ဆိုရင်ပေါ့ )
ကြယ်ကြွေတာကို ကြည့်ပြီးဆုတောင်းနေကြတဲ့အချိန်မှာ
ကျမက ကြယ်ပွင့်လေးတွေ
မြေမခ ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတော့တယ်။
အဲဒါ…..ကျမ ရဲ့
ရူးသွပ်မှု တစ်ခုပဲ ဖြစ်ပါလိမ့်မယ်….။

commentinfo By: chityellusoelay at Aug 18, 2011
Comment #2

အသက်အရွယ် နဲ့
ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ပါ။

ခံစားချက်တွေ ၊ လိုအင်ဆန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒတွေ နဲ့
ကြိုက်နှစ်သက်မှုတွေ
အားလုံးပြောင်းလဲ လာခဲ့တယ်။

commentinfo By: sharon myorr myor at Sep 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment