Professional Authors

ကျောင်းသားဘဝ

ကျောင်းသားဘ၀မှာ
မုန့်ဖိုးများကို
ဟုတ်သလိုလို မဟုတ်သလိုလိုနှင့်
မိဘများထံမှ လှပစွာတောင်းသုံးခဲ့ကြတယ်။

ကျောင်းသားဘ၀မှာ
ကျောင်းစာများကို
လုပ်သလိုလို မလုပ်သလိုလိုနှင့်
စာမေးပွဲကြီးတွင် မှန်ကန်စွာဖြီးဖြန်းခဲ့ကြတယ်။

ကျောင်းသားဘ၀မှာ
စာသင်ချိန်များကို
တတ်သလိုလို မတတ်သလိုလိုနှင့်
မုန့်ဆိုင်များသို့
တတ်ကြွစွာချီတတ်ခဲ့ကြတယ်။

ကျောင်းသားဘ၀မှာ
စာသင်သောဆရာများကို
လေးစားသလိုလို မလေးစားသလိုလိုနှင့်
နောက်ဆုံးခုံမှာထိုင်ရင်း
ခိုးဝှက်ကာလေပေါခဲ့ကြတယ်။

ကျောင်းသားဘ၀မှာ
ကျောင်းစည်းကမ်းများကို
လိုက်နာသလိုလို မလိုက်နာသလိုလိုနှင့်
စည်းကမ်းထိန်းသိမ်းရေးများနှင့်တွေ့မှ
ခွေးပြေးဝက်ပြေး ပြေးရင်း
ကျောင်းနံရံများကို ကျော်လွှားခဲ့ရတယ်။

ကျောင်းသားဘ၀မှာ
ထိုတစ်ယောက်ကို
ကြိုက်သလိုလို မကြိုက်သလိုလိုနှင့်
ရည်းစားစာပေးမိရာမှ အတွဲလေးတွေဖြစ်ခဲ့ရတယ်။

ကျောင်းသားဘ၀မှာ
ကျောင်းလခများကို
သွင်းသလိုလို  မသွင်းသလိုလိုနှင့်
Notice board မှာအကြွေး စာရင်းကပ်မှ
အပြေးအလွှားပိုက်ဆံချီးကာ ဆပ်ခဲ့ရတယ်။

ထို့နောက် ထို့နောက်………………
မကုန်နိုင်သော အမှတ်တရများစွာနှင့်
ကျောင်းသားဘ၀ကို
တို့တတွေ ဘယ်တော့မှမမေ့နိုင်ပဲ
လွမ်းနေရ  ဦးမှာပါ……။    ။
          (၂၀၀၇ ခုနှစ် မုံရွာကွန်ပျူတာ(တတိယနှစ်)မှ သူငယ်ချင်းများသို့  အမှတ်တရ)

In: ကဗျာ Posted By: Date: Sep 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment