Professional Authors

မျိုသိပ်ခြင်းများ !!!

အမှန်ဆို
ငါ…ကဗျာရေးနေတာမဟုတ်ဘူး
ဖွင့်ဟခွင့် မရှိတော့တဲ့
ငါ့ရင်ဖွင့်သံတွေပါ။

အမှန်ဆို
ငါ….လွမ်းနေတာမဟုတ်ဘူး
ဆက်ချစ်ခွင့်မရှိတော့တဲ့
ငါ့ ချစ်ခြင်းတွေပါ။

အမှန်ဆို
ငါ…..တေးဆိုနေတာမဟုတ်ဘူး
ဆက်ပြောခွင့် မရှိတော့တဲ့
ငါ့ ခံစားမှူတွေပါ။

အမှန်ဆို
ငါ…..ဆက်မချစ်တော့တာမဟုတ်ဘူး
ရှေ့ဆက်တိုးခွင့် မရှိတော့တဲ့
နင် နဲ့ ငါ ရဲ့အခြေအနေကြောင့်ပါ။

(၂-၉-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Sep 2, 2010
Comment #1

ကိုယ်ချင်းစာပါတယ်……ဒီခံစားချက်ကိုကောင်းကောင်းနားလည်တယ်။။။။။။။။။။။။။
သူငယ်ချင်းရယ်……….အားလုံးကိုနားလည်ပေးလိုက်ပါလား

commentinfo By: May Kha at Sep 2, 2010
Comment #2

ခံစားမှုအစစ်အမှန်ဆိုတာခံစားလို့ရပါတယ်

commentinfo By: laypyay win at Sep 2, 2010
Comment #3

@May Kha နားလည်ပေးပါတယ်။
@laypyay win ဟုတ်ကဲ့။ ကျေးဇူးပါ။

commentinfo By: pannei at Sep 3, 2010
Comment #4

ကျွန်တော် ဖြစ်ခဲ့ဖူးတာနဲ့ ထပ်တူပါ ပန်းအိ . . .
ကျွန်တော် စာနာမိပါတယ် . . .
🙁

commentinfo By: လမင်းဇော် at Sep 3, 2010
Comment #5

ဟုတ်ကဲ့ပါ ကိုလမင်းဇော်။

commentinfo By: pannei at Sep 4, 2010
Comment #6

pannei ka bal ka lal
thi chin loe

commentinfo By: hoshisan at Sep 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment