Professional Authors

တစိတ်တဒသ

ကောင်မလေးရေ……
မနေ့က မင်းပြုံးခဲ့တဲ့ အပြုံးလေ
ကိုယ်နဲ့မသက်ဆိုင်လည်း
ကိုယ်က ပြုံးမိလေရဲ့
ကောင်မလေးရေ…..
မနေ့က မင်းရယ်ပုံလေးလေ
ကိုယ့်တွက် မဟုတ်ခဲ့လည်း
ကိုယ်လည်း အတူရယ်ချင်ရဲ့
ကောင်မလေးရေ…..
မနေ့က မင်းပျော်နေတော့လေ
ကိုယ်နဲ့ မပတ်သတ်လည်း
ကိုယ်လည်း ပျော်ချင်ရဲ့
ဒီနေ့မင်းငိုနေတော့
ကိုယ်မျက်ရည် ကျတယ်
ဒီနေ့ မင်းဝမ်းနည်းတော့
ကိုယ်လည်း ၀မ်းနည်းနေတယ်
မင်းရဲ့စိတ်နဲ့ကိုယ့်ရဲ့ကိုယ်
မင်းတွက်နဲ့ ငါ့ဘဝ
တစိတ်တဒေသ
ဖြစ်ပေါ်နေလေရဲ့
ကောင်မလေးရေ……..

In: ကဗျာ Posted By: Date: Aug 31, 2010
Comment #1

har,,,,,,,,,
kwat ti pe,,
kyike de,

commentinfo By: ei lay at May 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment