Professional Authors

ကျွန်တော့ချစ်ခြင်းအသင်္ချေ

မင်းသာ တဖက်ကမ်းမှာဆို
ကိုယ်ဟာ အကြင်နာတွေနဲ့
ကူးခတ်လာမယ့် ရေးကူးသမားပါ…….
မင်းသာ ဟိုးမိုးပေါ်မှာဆို
ကိုယ်ဟာ မေတ္တာတွေနဲ့
တက်လို့လာမယ့် တောင်တက်သမားပါ….
မင်းသာ ဟိုးအောက်မှာဆို
ကိုယ်ဟာ ဂရုဏာတွေနဲ့
ဆငိးလို့လာမယ့် မြေတူးသမားပါ…
မင်းသာ လေထုတစ်ခုဆို
ကိုယ်ဟာ ညင်သာစွာနဲ့
လွင့်မြောနေမယ့် ရနံ့တစ်ခုပါ…
မင်းသာ မြေထုတခုဆို
ကိုယ်ဟာ အင်အားတွေနဲ့
တည်ရှိနေမယ့် ဆွဲငင်အားပါ…
မင်းသာ နားထောင်သူဆို
ကိုယ်ဟာ သာယာစွာနဲ့
ရောက်ရှိလာမယ့် ဂီတတခုပါ….
မင်းသာ ခံယူမယ်ဆို
ကိုယ်ဟာ ရင်ခုန်စွာနဲ့
တိုးဝှေ့သွားမယ့် အနမ်းတခုပါ………..

In: ကဗျာ Posted By: Date: Aug 30, 2010
Comment #1

တကယ် ပါ အဲဒီလောက်ကို ချစ်တာ

commentinfo By: မြူမင်းသွင် at Aug 30, 2010
Comment #2

သေချာစဉ်းစားဦးနော်

commentinfo By: yaephyar at Aug 30, 2010
Comment #3

ဟုတ် စဥ်းစားပြီးသွားပြီ

commentinfo By: မြူမင်းသွင် at Aug 31, 2010
Comment #4

မင်းသာခံယူမယ်ဆို ကိုယ်ဟာရင်ခုန်စွာနဲ့
တိုးဝှေ့သွားမယ့်အနမ်းတစ်ခုပါ……တဲ့လား
ကောင်းလိုက်တာနော် ဟိဟိ
စာသားက ချစ်စရာလေး

commentinfo By: ပင်ကီ at Aug 31, 2010
Comment #5

တော်တော်ကောင်တယ်ကဗျာလေးပါ
ကျွန်တော်အားပေးတယ်နော်

“မင်းသာ တဖက်ကမ်းမှာဆို
ကိုယ်ဟာ အကြင်နာတွေနဲ့
ကူးခတ်လာမယ့် ရေးကူးသမားပါ…….
မင်းသာ ဟိုးမိုးပေါ်မှာဆို
ကိုယ်ဟာ မေတ္တာတွေနဲ့
တက်လို့လာမယ့် တောင်တက်သမားပါ….
မင်းသာ ဟိုးအောက်မှာဆို
ကိုယ်ဟာ ဂရုဏာတွေနဲ့
ဆငိးလို့လာမယ့် မြေတူးသမားပါ…”

အဲနားလေးကအမိဆုံးပဲဗျာ

commentinfo By: bobon010 at Dec 30, 2010
Comment #6

ဟုတ်
ကျွန်တော်လည်းကြိုက်တယ်ဗျ
ခံစားချက်လေးတွေကိုးဗျ

Comment #7

Love so much both title & poem

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment