Professional Authors

December ရွာတဲ့မိုး

ဒီဇင်ဘာမှာ
ရွာနေတဲ့ မိုးရေတွေ
ဆောင်းရာသီ အအေးဒဏ်ကို
အံတုလို့ နှင်းထုတခုနှင့်
ဖက်ပြိုင်လို့ရွာချ
ဖြိုးဖြိုးဖြောက်ဖြောက်
ထိုတခေါက်မှာ
ချစ်သူဘေးနား
ကိုယ်လေဆွေးလို့
ကိုယ်လေငေးလို့
ကိုယ်လွမ်းဖူးတယ်
သူ့လက်တွေအေးစက်
သူ့ဘဝ ငြိမ်သက်ခဲ့ပေ့မယ့်
ဒီဇင်ဘာ မိုးကျခဲ့ရင်
ဟိုး နှင်းထုကိုမေ့
အတိတ်ကို လွမ်းဆွတ်မိရဲ့………

In: ကဗျာ Posted By: Date: Aug 30, 2010
Comment #1

ဟီး ခုတော့ ဒီဇင်ဘာမှာ မိုးမရွာလို့
နောက်ထပ်ကောင်မလေးတစ်ယောက်ကို …..

commentinfo By: မြူမင်းသွင် at Aug 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment