Professional Authors

အချစ်စစ်အတွက်ရက်စွဲ

အလင်းရောင်မရှိတဲ့ အခန်းကျဉ်းလေးထဲက
လူတစ်ယောက်ကို မမြင်နိုင်သလို
ဝင်မကြည့်နိုင်တဲ့ ကိုယ့်နှလုံးသားကိုလည်း
မင်းလေးဘယ်လိုမှမြင်မှာမဟုတ်ပါဘူး….
ဒဏ်ရာရထားတဲ့ လူတစ်ယောက်ရဲ့နာကျင်မှုကို
မသိနိုင်သလို
ကိုယ်ခံစားနေရတဲ့ နှလုံးသားထဲက
ဒဏ်ရာတွေရဲ့နာကျင်မှုကိုလည်း
မင်းလေးသိနိုင်မှာမဟုတ်ပါဘူး….
ကိုယ်ပေးဆပ်ခဲ့တဲ့ နှလုံးသွားအတွက်
ပေးအပ်လိုက်တဲ့တုံ့ပြန်မှုက “နာကျင်ခြင်းလား”
ကိုယ်ပေးအပ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာအတွက်
ရရှိခဲ့တဲ့ဆုလာဒ်က “အမုန်းမီးလျှံတွေလား”
ချစ်သူ မင်းပေးလိုက်တဲ့ အမုန်းကို
ကိုယ့်အတွက်အရှုံးလို့မယူဆပါဘူး….
မင်းပေးခဲ့တဲ့ဒဏ်ရာတွေကိုလည်း
ကိုယ်ကျေနပ်စွာခံယူဖို့အသင့်ပါ…
ချစ်သူ……………
မင်းကိုရယူခြင်းနဲ့ချစ်ခွင့်မရပေမယ့်လည်း
ပေးဆပ်ခြင်းနဲ့ပဲကျေနပ်စွာချစ်နေမှာပါ
ကိုယ်မင်းကိုဘယ်လောက်ချစ်ခဲ့လည်းဆိုတာကို
နားလည်လာနိုင်မယ့်အထိ
ကိုယ်မင်းကိုချစ်နေမှာပါ
“ထာဝရချစ်ခြင်း(၀ါ)အချစ်စစ်”နဲ့ပေါ့……..

In: ကဗျာ Posted By: Date: Aug 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment