နေပျိုးတဲ့ သက်တံ – နရီထက်
မိုးစွေးစွေးလေးကြား
လေပြေရယ်ခပ်သင်းသင်း
လင်းလက်ရွှေခြည်
တန်းဝင်ကာဖောက်
ပြေးလွှားရောက်လား
နေပျိုးတဲ့ သက်တံစဉ်လား
အချစ်မှာ ရိုးအခြင်းက
တိတ်ဆိတ်နေခြင်းလား
ရင်ထဲမှာ ဖူးပွင့်ဝေလာ
သူမ ဆိုတဲ့ သဇင်
ရင်မှာလှုပ်ခတ်
ပလောင်ဆူအောင်
သည်ကောင်ရင်ကို
အချစ်ဆိုတဲ့ သက်တံတစ်စင်း
ဖန်တီးပေးခဲ့တယ်
အချစ်မှာ အရောင်တွေစုံတော့
သည်ကောင်မှာလေး
အပျော်ကြီးကိုပျော်နေခဲ့တယ်
သူမဆိုတဲ့ သဇင် ရင်မှာ
သက်တံတစ်ခြမ်း
သည်ကောင်ရင်မှာ
သက်တံတစ်ခြမ်း
မိုးကုပ်စက်ဝိုင်းကို
အပိုင်စိုးမိုးမယ်လို့
ကြုံးဝါးလိုက်ကြတယ်. . .
အချစ်ဆိုတဲ့ ရင်တွင်းဖြစ်ကိုလေး. . .
အချိန်ဆိုတဲ့ ရန်သူတစ်ခုလား
နေပျိုးတဲ့ သက်တံမို့လို့လား
ငါတို့ အချစ်ကို
ကြေမွပျက်စီးဖြစ်အောင်
ပျောက်ကွယ်သွားအောင်
လောကဓံဆိုတဲ့ လမ်းခွဲခြင်းက
တားဆီးပိတ်ပင်ခဲ့တယ်လေး
ဘာပဲဖြစ်ဖြစ် အချစ်ဆိုတဲ့
သက်တံ တစ်ခု
သူမ ဆိုတဲ့ သဇင်
မိန်းကလေးရေ
မင်းနှင့် ကိုယ်က
မိုးကုပ်စက်ဝိုင်းထဲမှာ
နောက်ထပ် သက်တံ တွေ
ဖန်တီးခွင့်လေး. . .
အချစ်ဆိုတဲ့ သက်တံတစ်စင်း
ငါတို့ရင်ထဲမှာ
ဖြတ်သန်းခွင့်ပေးကြရအောင်. . .။ ။
နရီထက်
( ၂၈ ၊ သြဂုတ်လ ၊ ၂၀၁၀ )




11613 masterpieces
34816 comments
3729 members
974 pc authors