Professional Authors

သို့ … ဆိုဖီ (ဖတ်မိသူ မှတဆင့်)

သို့ ဆိုဖီ (ဖတ်မိသူမှတဆင့်)

ဆိုဖီရေ… မင်းအခု ဘယ်မှာတုန်း။
အဲရော့စ် ဆိုတဲ့ အသွေးအသားဆန္ဒ အတောင်ပံတစုံဟာ
မင်းရဲ့အလှမှာ တွယ်ညိပြီး
မင်းရဲ့မေတ္တာနဲ့ တည်ငြိမ်ဖူးခဲ့တယ်ဆို…
ဒါနဲ့ ဆိုဖီ… မင်းကိုယ်တိုင် မင်းကိုမင်းသိဖို့ ကြိုးစားခဲ့သေးလား…
မင်းရဲ့သူငယ်ချင်းလို့ ကိုယ့်ကိုကိုယ်ခေါ်နေတဲ့သူတချို့
ငါဘယ်သူလဲ ဆိုတဲ့မေးခွန်းတခုနဲ့ ချာလပတ်ရမ်းနေတုန်းပဲ။
ဆိုဖီရေ…မင်းနာမည် ဆိုဖီယာ က
ဘာသာစကားတခုမှာ လှပခြင်း ကို ရည်ညွှန်းသတဲ့။
ဆိုဖီရေ မင်းနာမည်ကို ယူထားတဲ့ မိန်းခလေးတယောက် မလှချင်နေ
အ ရင်တော့ ငါ သိပ်စိတ်ဆိုးချင်တယ်။
ဆိုဖီဟာ ကျွန်တော်ချစ်သူပါလို့ ငါ ဝင့်ဝင့်ြွကာြးွကားပြောချင်လည်း
မကြာမကြာ မင်းနဲ့ငါဟာ သူစိမ်းတွေလိုပဲ။
ဆိုဖီရေ… မင်းအခု ဘယ်မှာတုန်း
ငါနောက်ဆုံးကြားရတဲ့သတင်းက
မင်းဟာ စာရေးသူရေးတဲ့ ဇာတ်လမ်းထဲက
ထွက်ပြေးဖို့ကြိုးစားတဲ့ ဇာတ်ကောင်တစ်ခုပဲ။
မင်း လွတ်မြောက်ခဲ့လား။
မင်းချန်ခဲ့တဲ့ လောကအကြောင်း သတင်းကြားသေးလား။
ကမောက်ကမတွေကို ဖြစ်နေတော့တာပဲ။
ဒါနဲ့ ဆိုဖီ… ငါတို့တွေဟာ စာရေးသူတစ်ယောက်ယောက်ရဲ့
စိတ်ကူးထဲက ဇာတ်ကောင်တွေလား။
ဆိုဖီရေ… မင်းနဲ့ငါကတော့
မကြာမကြာ သူစိမ်းတွေလိုပါပဲ။

In: ကဗျာ Posted By: Date: Aug 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment