Professional Authors

ကျောက်စာ (၂)

လူ့ လောကမှာ ရက်ပေါင်း ၈၈၀၀
သင်္ကေတပေါင်းမြောက်မြားစွာနဲ့ ဆုံတွေ့ 
ဒိုင်ယာရီအမှတ် (၂၄) မှာ
သူ့ ထက်ကြီးတဲ့ နံပါတ်တွေမှာ
သူ့ ထက်ပိုချင်တဲ့ အတ္တတွေ
မျှော်လင့်သလိုဖြစ်မလာလို့ 
ဖြစ်သလိုပဲ စည်းတွေကို ကျော်
ရခဲ့တာတွေနည်းသလို
မိုက်တွင်းတွေလည်း နက်လို့ နက်
အမှတ်မရှိခဲ့တာမဟုတ်ပေမယ့်
တနပ်စားပဲကြံခဲ့တာမို့ 
သူငယ်နပ်စားဘဝရောက်တာလည်း မဆန်း…..
အသိနဲ့ ယုံကြည်မှုပဲ
ရေလောင်းပေါင်းသင်ဖို့ လို
အဝေးကိုတော့ မျက်မှာမပါပဲ
ကြည့်ဖို့ လို….
အတွေ့ အကြုံကို စစ်တုရင်လို
တကွက်ချင်းလိုက်တွက်ရင်တော့…
ခပ်ပေါ့ပေါ့နေခဲ့တဲ့
ဒီနေမကုန်ခင် ငါခရီးပေါက်လောက်ရဲ့…
လွတ်တဲ့ငါးလဲ မကြီးချင်တော့တာမို့ 
ဒီခရီးအဆုံးမှာ
ဟောဒီ ဘုန်း…မောင်….
သေချာပြုံးမယ်

In: ကဗျာ Posted By: Date: Aug 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment