Professional Authors

နီတိများ (နေမျိုး)

နီတိဟာ အနီရောင်ရှိတယ်၊ တိလည်းတိကျတယ်၊ ဒါကြောင့် ဒီလိုခေါ်ကြတယ် နီတိလို့။ နီတိဆရာ တစ်ယောက်ကပြောတယ်။
နီတိတွေကို အရမ်းမယုံနဲ့တဲ့။ ဒါဟာ နီတိ တစ်ခုပါပဲ။ နီတိဟာ ဒီနေ့ မှန်နေပြီး မနက်ဖြန်မှာ မှားယွင်းနိုင်တယ်။ ဒါပေမဲ့ သန်ဘက်ခါကျတော့ မှန်ချင် မှန်လာပြောရော။ နီတိတွေကို မှားယွင်းရကောင်းလားလို့ ဘယ်တော့မှ အပြစ်မဆိုလေနဲ့ကွယ့်။ ငါတို့ခေတ်ရဲ့ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး နားလည်ရခက်လွန်းတော့ နီတိတွေဟာ အစိတ်အပိုင်း အားလုံးကို ခြုံငုံမိဖို့ အခက်အခဲတော့ ရှိပေသပေါ့။ နီတိဆရာ တစ်ယောက်ဟာ သူ့နီတိတွေကို ပြောပြဖို့  ကြိုးစားရှာတယ်။ ဒါပေမဲ့ နီတိဟာ နီတိပါပဲ။ နီတိဟာ ပေါင်မုန့်မဟုတ်ပေမယ့် နီတိဟာ ပေါင်မုန့်ကိုပို၍ အရသာ ရှိစေပါတယ်။ နီတိဆရာက ဒီလိုပြောတယ်။ ပေါင်မုန့်ကို စားဖို့ အကောင်းဆုံးအချိန်ဟာ သင် ဆာလောင် မွတ်သိပ်နေတဲ့ အချိန်ပါပဲတဲ့။ ဒါကြောင့်လည်း နီတိဆရာတွေကို ရှေးရှေးတည်းက လေးစားလာကြတာပဲ။ နီတိတစ်ခုကို ငါပြောပြမယ်။ ပေါင်မုန့်တစ်လုံးကို လူနှစ်ယောက် ခွဲဝေစားတဲ့အခါ ပျော်ရွှင်ဖွယ် အရသာကို
ရလိမ့်မှာလို့။

နေမျိုး

သရဖူ မဂ္ဂဇင်း (နိုဝင်ဘာလ) ၂၀၀၉

Leave Comments

Name*

Email*
Website
Email me whenever there is new comment