Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34812 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

မေ့လျော့နေသော အမေသို့ -နရီထက်

အမေ. . . အမေသိပ်ချစ်တဲ့
သွေးစက်သွေးသားတွေကို
နှလုံးလှ နှလုံးသားလူသားတွေအဖြစ်
(ကျွန်တော်၊ကျွန်မ)တို့ကို
မွေးဖွားလင်းလက်သန့်စင်ပေးခဲ့တယ်
လင်းလက်လာမဲ့ ကြယ်စင်ကလေးတွေ
ကြယ်ကြွေလေးတွေ မဟုတ်ရဘူးလို့
အမေကိုယ်တိုင် စတေးခံပြီး
ကျွန်တော်တို့ကို ပုံပြင်သဖွယ်
ကဗျာလေးတစ်သွယ်
နားသွင်းခဲ့သေးတယ်. . . အမေ

အမေ. .  . နှင်းမိုးတွေလို့
ထင်မှတ်သတ်မှတ်ထားပေမဲ့
အမေကလေး. . . တကယ့်တမ်းကျ
မြူခိုးလေးတွေ ဝေနေခဲ့တယ်
ကျွန်တော်တို့တွေ သဘာဝကို
ခုခံတိုက်ခံကြတဲ့အချိန်မှာ
အမေက အပြုံးမပျက်
မေတ္တာရှင် မီးအိမ်ရှင်ပေါ့
အမေဘ၀မှာ မီးစတွေ
ကုန်ခမ်းအောင်ထိ
အမေ အစွမ်းကုန်ထွန်းညှိလင်းလက်ပေးခဲ့တယ်
အလင်းရောင်တွေလည်း
ဆီကုန်ရင် ထပ်ဖြည့်လို့
အမေက အလင်းရောင်ဆက်တွေ
မီးအစက်တွေ ကူးပေးခဲ့တယ်. . .

ကျွန်တော်တို့တွေ ရေစုန်မှာ
ကူးခတ်အသာမှေး ပျော်လူးချိန်မှာ
အမေကနေလေး ရေဆန်ကို
မျှော်လင့်နေသူ တစ်ယောက်
အသေအချာမဟုတ်ဘူး
အမေဘက်ကသာ
ရေတွေ စီးဆင်းချင်နေတာ
စမ်းကျရေသံ အေးမြသီတာ
တသွင်သွင်နဲ့ အမေ
အမြဲမပျက် စီးဆင်းပေးနေတာ
သား ယတိပြတ် ကျိန်ဝံပါတယ်
အမေရယ်. . .

အတောင်တွေစုံရင်တော့
ဌာနေကို ပြန်ကြတယ်တဲ့
ခြေရာကြီးတော့ လူဝင်ဆန်ပြီးတဲ့
ကိုယ့်အသိုက်နှင့်ကိုယ့်ဆောက်နေကြချိန်မှာ
အမေကို. . . ကျွန်တော်တို့တွေက
အသိုက်ဟောင်းမှာ နားနေခဲ့ခိုင်းကြတာလား
ထားပစ်ခဲ့ကြတာလား . . . အမေ
သားကို. . . ချစ်တဲ့ဇောနဲ့တော့
အမေ. . . နားလည်ပေးပါတဲ့ဆိုတဲ့
စကားတစ်ခွန်းနှင့် အမေမျက်နှာမလွဲလိုက်ပါနဲ့
အမေ. . .
ကျွန်တော်တို့တွေ
ပြောနေကြ စကားကတော့
အမေကို. . . အိမ်ဦးခန်းမှာ
ထားမယ်ဆိုတဲ့ စကားလေး. . .
နေရာတိုင်းမှာရော
အမေက အိမ်ဦးခန်းမှာ
ကြည်ဖြူအေးချမ်းစွာဖြင့်
ရောက်နှင့်နေပြီးလား . . . အမေရယ်။     ။

နရီထက်
( ၂၇ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)