Professional Authors

နင်ရယ်နေခဲ့သော ငါ့ရဲ့ မျက်ရည်များအကြောင်း

ခေါင်းလေးမော့ပြီးတော့ ဖြေပေးပါ
“ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလား”
ငါ အသိတရား မရှိခဲ့တာလား
ငါ မဆင်ခြင်မိခဲ့တာလား
ချစ်ခြင်း နဲ့ သူငယ်ချင်းဆိုတဲ့
စည်းလေးတစ်ဖက်ခြားမှာ
ငါ အမြဲတမ်း ရှုံးတယ်

အရှုံးသမား လို့ တော့ အမည်မတွင်ချင်ဘူး
ကျေးဇူးပြုပြီး ဘေးကကြည့်ခွင့်ပေးပါ
အဖြူသက်သက်မို့ 
မေတ္တာကို စော်ကားခံရတော့
အသည်းထဲထိ နာတယ်

အားမတန်လို့ မာန်လျှော့တယ်လို့ တော့
မထင်လိုက်နဲ့ ကွယ်
မာန်ဘယ်လောက်တင်းတင်း
ကာယကံရှင်က ကိုယ့်ဘက်မပါမှတော့
ဘယ်လိုပဲ နွှဲနွှဲ ရှုံးတဲ့ပွဲကြီးပါပဲ

နင့်ဘက်က ၀ှက်ဖဲ တစ်ချပ်
လှပ်ခနဲ အပြ
ဟောဒီကောင် ရင်ထဲ
နာကျင်မှုတွေက စိမ့်ခနဲ ပဲ
ငါ နင့်ကို ချစ်သလိုအချစ်မျိုးနဲ့ 
နင်က သူ့ ကို ချစ်ခဲ့တယ်
တကယ်တော့ စည်းမှားကျော်မိတဲ့ငါ
တရားခံစစ်စစ်ပါဟာ .

ပျော်ရွှင်မှု နဲ့  နာကျင်မှု
တစ်ခုခုကို ဖြေလိုက်ပါဟာ
ကြိုးရှည်ရှည်နဲ့ လှန်ထားတာ မဟုတ်ပေမဲ့လဲ
နင့်လက်ထဲက ကြိုးစကိုတော့
ဘယ်တော့မှ ဖြေမချခဲ့ဘူး
တကယ်တော့ ငါ အမှန်တရားကို
ဘယ်တော့မှ မကြည့်ရဲခဲ့ဘူး

ငါ့အလိုပြည့်ဖို့ ဆိုတာထက်
နင့်အလိုကို ငါ ဦးစားပေး ဖြည့်ဆည်းခဲ့တယ်
ဒါပေမဲ့ ဒဏ်ရာတွေကြီးပဲ နင်ချန်ထားခဲ့တယ်
ငါ တရှိုက်မက်မက် ကိုးကွယ်ခဲ့သော အချစ်တစ်ခု
နင် ပြက်ရယ်ပြုခဲ့ပြီ

ငါ့ သွေးက မရဲခဲ့ဘူး
သစ္စာတရားကသာ အရောင်တောက်တောက်နဲ့ 
ရဲ ရဲ နီ ခဲ့ တာ
သစ္စာတရားတွေ အဆင့်လွန် မှန်နေခဲ့တာတောင်
ငါ့ မျက်လုံးမှာ မျှော်လင့်ချက်တွေ အမြဲတမ်းသေတယ်
မတူတဲ့ ဘာသာစကား နှစ်ခုမှာ
တစ်ခု ခုကတော့ ချွတ်ယွင်းခဲ့မှာပေါ့

ယောက်ျားတန်မဲ့ မျက်ရည်ကျရပါတယ်
ငါ အရှုံးမပေးခဲ့ပါဘူး
ငါ အနိုင်မရခဲ့တာ
ဘ၀ဆိုတာ အန်စာတုံးတစ်ခုလိုပါပဲ
လှည့်လိုက်တိုင်း အကောင်းမကျနိုင်ဘူး
ဒီ ပါးနှစ်ဖက်က မျက်ရည်တွေ ပထုတ်
နင့်ကို ချစ်တဲ့ အသိနဲ့ အားတင်းလိုက်ချိန်တိုင်းလဲ
ငါ့ဘေးမှာ နင်မရှိဘူး
ကောင်းကင်လွဲသော ငါ့အိပ်မက်တွေ
နောက် ဘ၀ဆိုတာ များ ရှိခဲ့ရင်
ကောင်းကောင်း မက်ပါရစေ

(ချစ်သူရယ်)
အရိပ်မှာ နေပြီး အခက်ကို ချိုးပါ
နင့်ကြောင့်ပဲ
ငါ့ရေသောက်မြစ်တွေ
ဟိုး ..အတွင်းထဲထိ နက်တယ်

ဖယောင်းတစ်တိုင်ရဲ့ သီအိုရီကို သုံးပါရစေ
တတ်နိုင်သမျှ လင်းပေးပါ့မယ်
အလင်းတွေ ကုန်တဲ့ တစ်ချိန်ချိန်
ငါ နင့်ဘေးက တိုးတိုးလေး ထွက်သွားပါရစေ
”ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ခဲ့ပါဘူး”

ချစ်တယ် လို့ ဆိုခဲ့သော ငါ
နင့်အတွက် အရမ်း ရိုင်းနေခဲ့သလား
မယဉ်ကျေးသူငါ
ရလဒ်တစ်ခုကတော့ နင်ပြန်မချစ်ခဲ့ခြင်းတဲ့
ငါ့ အသိတရားမှာ စာလုံးပေါင်းကြည့်တယ်
နင့်ရဲ့ ချစ်ခြင်းတွေ ဘယ်ဆီမှာလဲ ဟာ

ငါ့ မိုက်ပြစ်တွေ အတွက်
ငါ့ကိုယ်ငါ စည်းချထားမယ်
ငါ အတွင်းစည်းထဲကပဲ စောင့်ကြည့်နေပါရစေ
နင့်အတွက် လိုအပ်လာမဲ့ တစ်ချိန်ချိန်
အဲဒီ စည်းလေးထဲ
ခွင့်မတောင်းဘဲ ၀င်လာနိုင်ပါတယ်

စုပ်လဲစူး စားလည်းရူး ဆိုတာမျိုးလား
ဒါဆို
အရူးတစ်ယောက်ရင်ထဲ နင့်ရဲ့ စူးအတိစူးခဲ့ပြီ
ငါးစာသာမြင် ငါးချိပ် မမြင်ခဲ့သောငါ
ကံတရား ချိပ်မှာ သွေးစွန်းခဲ့ရတယ်

နင် တကယ် မလိုအပ်တော့ဘူးလား
ဒါဆိုရင်လဲ နင့်ဓါးအိမ်လေးထဲ ဓါး ထည့်လိုက်ပါ
ငါ့ကိုယ်ငါသာ
သေ
မိန့် 
ပေး
လိုက်
ပါ

စေ
တော့
ဟာ   ၊၊              ၊၊

In: ကဗျာ Posted By: Date: Aug 26, 2010
Comment #1

ရင်နာရတယ်…ရင်မောရတယ်……..
ခံစားရတယ်………..တကယ်ဆို……………

commentinfo By: နှိုင်းခ at Aug 27, 2010
Comment #2

အရမ်းခံစားရတယ် ဆိုတဲ့ စကားလုံးထက်
ပိုလေးနက်တဲ့ ဝေါဟာရရှိရင် သုံးချင်ပါတယ်။
ဖတ်ရင်းနဲ့ရင်ထဲဆို့လာတယ်။
တကယ် ရင်ထဲအထိရောက်ပါတယ်။

commentinfo By: terry at Aug 27, 2010
Comment #3

စကားလုံးတွေမှာ နှလုံးသွေးတွေရဲနေသလိုပဲ….

commentinfo By: Yine at Aug 27, 2010
Comment #4

အားလုံး အားလုံးကို ကျေးဇူးတင်ပါကြောင်း ၊၊ ၊၊

သူငယ်ချင်း တစ်ယောက် ၏ အကြောင်းကို ခံစားရေးဖွဲ့ ထားပါကြောင်း ၊၊

လမင်းဇော်

commentinfo By: လမင်းဇော် at Aug 27, 2010
Comment #5

အရမ်းကောင်းတယ်ကွာ.. ခံစားချက်တွေကို စာဖွဲ့ထားတာတွေက ..ရင်ထဲ ထိကိုလာထိတယ်…

commentinfo By: လင်းဆက် at Aug 31, 2010
Comment #6

တကယ်ကိုရင်ထဲမှာ နင့်နေအောင်ခံစားမိတယ်။

commentinfo By: ကြယ်စင် at Sep 5, 2010
Comment #7

ကဗျာလေးက ကောင်းတယ်….

commentinfo By: psycho at Sep 5, 2010
Comment #8

သားကြီးမင်းရေးထားတာအရမ်းကောင်းတယ်။ငါသိတယ်သားလေး။
ကျေးဇူးတင်တယ်။မှန်လဲမှန်တယ်။

commentinfo By: သက်ထူးအောင် at Sep 17, 2010
Comment #9

တကယ်ကို သဘောကျပါတယ်
ဆက်လက်ရေးပါအုံးလို့ပြောချင်ပါတယ်

commentinfo By: evercry at Sep 17, 2010
Comment #10

ဒီကဗျာအတွက်ခံစားနေရတဲ့သူ ဆက်လက်ပြီးတော့ မခံစားရပါစေနဲ့တော့

commentinfo By: Gipsy Lay at Sep 19, 2010
Comment #11

ငါ နင့်ကို ချစ်သလိုအချစ်မျိုးနဲ့ 
နင်က သူ့ ကို ချစ်ခဲ့တယ်
အဲဒီစာကိုတွေ့တိုင်း
အဲဒီလိုစကားမျိုး
ခပ်ဆင်ဆင်ပြောဖူးတယ့်
လူတစ်ယောက်ကိုသတိ၇တယ်
သူ့ကိုသတိ၇တိုင်း
ဒီကဗျာလာဖတ်တယ်

commentinfo By: hnin.phwe.lay at Oct 11, 2010
Comment #12

နင့်ဘက်က ၀ှက်ဖဲ တစ်ချပ်
လှပ်ခနဲ အပြ
ဟောဒီကောင် ရင်ထဲ
နာကျင်မှုတွေက စိမ့်ခနဲ ပဲ
ငါ နင့်ကို ချစ်သလိုအချစ်မျိုးနဲ့ 
နင်က သူ့ ကို ချစ်ခဲ့တယ်
တကယ်တော့ စည်းမှားကျော်မိတဲ့ငါ
တရားခံစစ်စစ်ပါဟာ .
အရမ်းခံစားရပါတယ်

commentinfo By: အသဲကွဲမိုး at Oct 11, 2010
Comment #13

အရမ်းကောင်းတယ် ကူးသွားလို့ ရမလား။

commentinfo By: ahtum at Nov 27, 2010
Comment #14

ဖယောင်းတစ်တိုင်ရဲ့ သီအိုရီကို သုံးပါရစေ
တတ်နိုင်သမျှ လင်းပေးပါ့မယ်
အလင်းတွေ ကုန်တဲ့ တစ်ချိန်ချိန်
ငါ နင့်ဘေးက တိုးတိုးလေး ထွက်သွားပါရစေ

That’s great!!!!

commentinfo By: yinmon at Nov 28, 2010
Comment #15

နင့်ဘက်က ၀ှက်ဖဲ တစ်ချပ်
လှပ်ခနဲ အပြ
ဟောဒီကောင် ရင်ထဲ
နာကျင်မှုတွေက စိမ့်ခနဲ ပဲ
ငါ နင့်ကို ချစ်သလိုအချစ်မျိုးနဲ့ 
နင်က သူ့ ကို ချစ်ခဲ့တယ်
တကယ်တော့ စည်းမှားကျော်မိတဲ့ငါ
တရားခံစစ်စစ်ပါဟာ

commentinfo By: thetthirisan at Feb 2, 2011
Comment #16

ကဗျာက သူငယ်ချင်းအတွက် ရေးထားတယ်ဆိုပေမယ့် ရင်ထဲကခံစားချက်တွေထုတ်ရေးထားသလို ဖတ်ရတာ တကယ်အသက်ဝင်တယ် ။

commentinfo By: X - ray at Jan 13, 2012
Comment #17

oh,,,,,,,,,
nice poem,
real perfect story,
so sorry to know,

commentinfo By: ei lay at Feb 5, 2012
Comment #18

နုံးလျ သွားတာပဲ 🙁

commentinfo By: sharon myorr myor at Aug 7, 2012
Comment #19

ကျွန်တော်ချစ်သူနဲ.အဆင်မပြေဖူး ဒီကဗျာ လေးဖတ်ပီးငိုမိတယ် ဗျာ တိုက်ဆိုင်လွန်းလိုပါ….။

commentinfo By: sai nge at Aug 22, 2012
Comment #20

အား..!!!
ကဗျာဖတ်လို့အပြီး.. ကျွန်တော်လည်း ခင်ဗျားနဲ့အတူ သေမိန့်ထဲပါသွားတယ်။
လေးစားတယ်ဗျာ..

commentinfo By: htatmyataung at Aug 22, 2012
Comment #21

နင့်အတွက် လိုအပ်လာမဲ့ တစ်ချိန်ချိန်
အဲဒီ စည်းလေးထဲ
ခွင့်မတောင်းဘဲ ၀င်လာနိုင်ပါတယ် ….

commentinfo By: ingyinkhaing at Aug 22, 2012
Comment #22

:'(
:'(
:'(
:'(
:'(

commentinfo By: ei lay at Aug 22, 2012
Comment #23

ဖတ်ရင်းတောင် ငိုချင်လာတယ်ဗျာ ရှယ်ပါရစေ…

commentinfo By: သွေသစ်မင်း at Aug 22, 2012
Comment #24

ကဗျားတွေကအရမ်းကောင်းတော့အရမ်းကိုခံစားရတယ်

commentinfo By: rosemoe at Aug 30, 2012
Comment #25

ခေါင်းလေးမော့ပြီးတော့ ဖြေပေးပါ
“ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလား”
ငါ အသိတရား မရှိခဲ့တာလား
ငါ မဆင်ခြင်မိခဲ့တာလား
ချစ်ခြင်း နဲ့ သူငယ်ချင်းဆိုတဲ့
စည်းလေးတစ်ဖက်ခြားမှာ
ငါ အမြဲတမ်း ရှုံးတယ် ../
နင် တကယ် မလိုအပ်တော့ဘူးလား
ဒါဆိုရင်လဲ နင့်ဓါးအိမ်လေးထဲ ဓါး ထည့်လိုက်ပါ
ငါ့ကိုယ်ငါသာ
သေ
မိန့် 
ပေး
လိုက်
ပါ

စေ
တော့
ဟာ ၊၊ ၊၊
ခံစားအားပေးနေပါတယ်ဗျာ….။

commentinfo By: zawthetoo at Aug 30, 2012
Comment #26

.သေစေနိုင်သော ရေးချက်များ……

commentinfo By: n$n at Feb 16, 2013
Comment #27

တကယ်ကိုကောင်းတယ်ဗျာ……ခံစားချက်တွေပေါ်လွင်တယ်……ပြောချင်တယ်စကားလုံးတွေ..ခုမှာပဲရှာတွေတောတယ်…..အားပေးလျှက်ပါ

commentinfo By: tabound at Feb 17, 2013
Comment #28

တထပ်တည်းကျနေလို့ facebookမှာshareလိုက်မိတယ် တကယ်ကို ရင်ထဲကဝေဒနာတွေထပ်တူပါပဲ ချစ်ခြင်းနဲ့ သူငယ်ချင်းဆိုတဲ့ စည်းလေးတဖက်ခြးမှာ ငါအမြဲရှုံးတယ်

commentinfo By: zawzaw at Apr 16, 2013
Comment #29

pls if possible , pls let me know who is writing this poem
but i never know the truth…becz …
this poem is very very good .

commentinfo By: cynthia at Apr 17, 2013
Comment #30

ငါ နင့်ကို ချစ်သလိုအချစ်မျိုးနဲ့ 
နင်က သူ့ ကို ချစ်ခဲ့တယ်
……………………….
:'(

commentinfo By: နွေ at Sep 28, 2013
Comment #31

အရမ်းကောင်းတယ်ဗျာ ကူးသွားခွင့်ပြုပါ

commentinfo By: phyo ko at Jul 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment