Professional Authors

နေ့များ (၆) (နိုးဝေ ကဗျာ-၃)

မသေချာမှုတွေပဲ ရွာနေတယ်…
လဲလှယ်ဝတ်ဆင်စရာ ကံကြမ္မာအသစ် မရရှိသေးတဲ့အတွက်
ဆက်လက်စိုစွတ်နေရဆဲ။

တခါတရံ ခေါင်းလောင်းထိုးသံသာတယ်
မရေမရာ တံခါးကို ဖွင့်ကြည့်လိုက်တော့လည်း
ကာဘွန်ငွေ့အပြည့် လေထုနဲ့ မြင်ကွင်းဟောင်းကြီးပဲ။

ဂုဏ်ယူပါတယ် ..
ဘာအတွက်မှပြောတာမဟုတ်ပါဘူး..
ကိုယ်က မအောင်မြင်ခဲ့သူဆိုတော့ အားလုံးအတွက် ဂုဏ်ယူပါတယ်။

ရေလား၊ ကုန်းလား . . .
ငယ်ငယ်တုံးကလို ကစားကြမယ်။
ငြိမ်သက်နေတဲ့ မိချောင်းကြီးလို့ သဘောထားကြပေါ့
စိတ်ထဲမှာလည်း ဘာတခုမှ မရှိတော့ . . . . ။

(နိုးဝေရဲ့ကဗျာတစ်ပုဒ်ပါ)

In: ကဗျာ,Others Posted By: Date: Aug 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment