Follow us on Facebook Follow us on Twitter Subscribe RSS Feed

Professional Authors

PoemsCorner Authors

ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ (နိုးဝေ ကဗျာ-၂)

အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။

သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။

မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။

ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။

တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။

(၂ဝဝ၆ ခုနှစ်က ကဗျာအဟောင်းလေး —

အဲသည့်အချိန်က လူပြောများတဲ့ သတင်းတွေနဲ့
ဆက်စပ်ပြီးရေးထာခဲ့တာမို့ အခုအချိန်မှဖတ်ရတာ အဆက်အစပ်မဲ့နိုင်ပါတယ်..)

(ကဗျာဆရာ နိုးဝေရဲ့ ကဗျာ တစ်ပုဒ်ပါပဲ.)

In: Others,ကဗျာ Posted By: Date: Aug 26, 2010
Comment #1

အဆက်အစပ်မဲ့ဘူး .. ဖတ်လို့ကောင်းတယ်.. (:

commentinfo By: ဖြိုးဖြိုး at Aug 26, 2010
Comment #2

hote de.
lone wa like de.
ta ke mike tar.

commentinfo By: ei lay at Jul 22, 2011
Comment #3

ကောင်းပါတယ်

commentinfo By: yethway at Aug 20, 2011
Comment #4

a yan a yan ko mike dar.
a yan yan ko kaung tar.
a yan a yan ko kyike dar.

commentinfo By: ei lay at Aug 20, 2011
Comment #5

တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #6

so much like that read again.

commentinfo By: ei lay at May 1, 2012
Comment #7

mite dal………… :D

commentinfo By: zinm at May 3, 2012
Comment #8

ကောင်းတယ်ဗျာ
တကယ်
မိုက်တယ် . . .

commentinfo By: ကိုဇင် at May 3, 2012
Comment #9

ကောင်းတယ်ဗျ…
ကဗျာပုံစံလေးလည်း ကောင်းတယ်..
သုံးထားတဲ့အသုံးတွေနဲ့.ရေးသားထားတဲ့..စာသားတွေကလည်း ကောင်းတယ်ဗျ
အားပေးသွားပါတယ်……ဗျာ

commentinfo By: poem.poem28 at May 5, 2012
Comment #10

so so so so so so Good

commentinfo By: သက်ပိုင် at May 24, 2012
Comment #11

Like

commentinfo By: zawthetoo at May 24, 2012
Comment #12

ကဗျာလေးက…ချစ်ဖို့ကောင်းတယ်

commentinfo By: Shilo at May 27, 2012
Comment #13

တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။

commentinfo By: Kyay Taw Thu at May 29, 2012
Comment #14

အရမ်းကြိုက်တယ်ဗျာ

commentinfo By: naing linaung at Jun 26, 2012
Comment #15

really nice,

commentinfo By: ei lay at Jun 26, 2012
Comment #16

ုမိုက်တယ် ……..
ကြိုက်တယ်………
ကောင်းတယ်……….
တကယ် အားပေးတယ်ကွာ………….

commentinfo By: sitayenyein at Jul 20, 2012
Comment #17

အချစ်နဲ့နိုင်ငံရေးကိုရောထွေးပြီးအလှဆင်သွားတာကောင်းပါတယ်

commentinfo By: bobosoe at Jul 20, 2012
Comment #18

ဖတ်ရတာကောင်းပါတယ်

commentinfo By: အလင်းရောင် at Aug 5, 2012
Comment #19

ကောင်းတယ်ဗျာ…တကယ်မိုက်တယ်
ကျနော် တို့က တော့ ၀ါသနာရှင်တွေပဲရှိသေးတယ်ဗျာ..
အားကျတယ် ကြိုးစားမယ်ဗျာ

commentinfo By: ရှင်းသန့် at Aug 6, 2012
Comment #20

လေးဖြူသီချင်းမဆိုတော့ရင်လည်းချစ်တယ်
ချစ်ရတာမမောပါဘူးကလေးရယ် အလင်းမဲ့ညတွေများလို့ လမ်းမှားတာပဲခက်တယ်

commentinfo By: ညီသက်ပိုင် at Aug 10, 2012
Comment #21

ဒီနေ့ ဖတ်ဖြစ်ပြန်ပါပြီ

commentinfo By: ညီသက်ပိုင် at Aug 31, 2012
Comment #22

သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။

မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။
အကြိုက်ဆုံး စာသားလေးတွေပါဗျာ…။

commentinfo By: zawthetoo at Sep 13, 2012
Comment #23

Very good I like that,

commentinfo By: Ye lay at Oct 9, 2012
Comment #24

kaung de

commentinfo By: kokoaung687 at Oct 12, 2012
Comment #25

ကဗျာလေးတွေကိုချစ်တယ်….
ကဗျာဖတ်ရတာကိုကြိုက်တယ်…
ကဗျာလေးကကောင်းပါတယ်…

commentinfo By: anonymaus at Nov 1, 2012
Comment #26

လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

commentinfo By: MyoZin at Nov 2, 2012
Comment #27

A yan kaung tal.

commentinfo By: kaung htet at Nov 3, 2012
Comment #28

ကိုယ် ကောင်မလေး တစ်ယောက်ကို ချစ်မိခဲ့တယ်…
ဒါပေမဲ့ သူငါကိုမချစ်ခဲ့ဘူ……အေးဒါ ဘာဖြစ်လုပ်လဲ ဆိုတော့ ငါ က ..
မြန်မာ ဖြင်ပြီး မြန်မာစာ မရေး တတ် လုပ် တဲ့…….
ဒီစာ မရေး တတ်တာက ချစ်တာနဲ့ ဆိုင်လိုလာ…………..အချစ်ရဲ့ ………………

commentinfo By: mgsolin at Nov 4, 2012
Comment #29

မြန်မာဆိုရင် မြန်မာစာရေးတက်ရမည်။
မြန်မာလို ပြုံးတက်ရမည်။

commentinfo By: mr.black at Nov 4, 2012
Comment #30

ကောင်းလိုက်တယ် ကဗျာ ကြုကိတယ်

commentinfo By: aungzin at Nov 25, 2012
Comment #31

ကဗျာလေးကကောင်းပါတယ်အရမ်းကြိုက်တယ်
suကကဗျာတွေကိုသိပ်နားမလည်ပေမဲ့ကဗျာတွေကိုချစ်တယ်

commentinfo By: su at Nov 26, 2012
Comment #32

အရမ်းကောင်းတယ်ဗျာ 2006 ခုနှစ်က ဆိုပေမယ် ကဗျာက ဘယ်တော့မှမဟောင်းပါဘူးဗျာ
thank

commentinfo By: နိုင်းဝေ(2003) at Nov 27, 2012
Comment #33

ခေတ်နောက်ကျပေမဲ့အရမ်းကောင်းတယ်

commentinfo By: min thant at Nov 28, 2012
Comment #34

ကဗျာလေးကအဆက်အစပ်မရှိဘူးလို့ထင်ရပေမယ့်ဖတ်လို့အ၇မ်းကောင်းတယ်

commentinfo By: thidalapyaewon at Dec 5, 2012
Comment #35

အရမ်းကိုကြိက်တယ်

commentinfo By: aung san at Dec 8, 2012
Comment #36

ဖတ်ရတာ တစ်မျိုးလေးနော်

commentinfo By: linko at Dec 8, 2012
Comment #37

Good…….:)

commentinfo By: Thin Thiri at Dec 9, 2012
Comment #38

ဖတ်လို.ကောင်းပါတယ်အဆက်ဆက်မရှိတာမဟုတ်ပါဘူးအချစ်တွေများနေလို.ပါ

commentinfo By: မွန်မွန် at Jan 20, 2013
Comment #39

ငါဟာမင်းရင်မှာ ဝေနေရတဲ့
သစ်ရွက်ဝါလေးတစ်ရွက်ပါ…
ချွေရင်ခြွေပါသခင်….
ဒါပေမယ့်…
မင်းရင်မှာပဲ ကြွေနေပါရစေ….နွေ….။

commentinfo By:ံHtoo Myat at Jan 24, 2013
Comment #40

too long.ဖတ်လို.မပြီးသေးဘူး

commentinfo By: nyein chan aung at Jan 28, 2013
Comment #41

ချစ်တာက ချစ်တာမို့  ချစ်တာကို အပြစ်ရှာရင်လဲ ချစ်စရာတွေပဲ ပေါ်လာမှာလေ

commentinfo By: mayphoo at Feb 2, 2013
Comment #42

dd

commentinfo By: s at Feb 3, 2013
Comment #43

ဒီကဗျာလေးကိုရေးတာ တော်တော်စဉ်းစားရမှာပဲနော်
မဆိုးပါဘူး ဖတ်လို့တော့ကောင်းသားပဲ

commentinfo By: Thet Khine at Mar 11, 2013
Comment #44

ကဗျာလေးကနိုင်ငံရေးဆန်တယ်ကြိုက်တယ်ဗျာ

commentinfo By: aungkhingmoe at Apr 7, 2013
Comment #45

မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်

commentinfo By: အောင်မိုး at Apr 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors

Most Commentators

  • ei lay (11291)
  • အသဲကွဲမိုး (2666)
  • May Kha (1979)
  • poem.poem28 (1673)
  • လုလင်ငယ်သွေး (1112)