Professional Authors

တာဆီးခြင်း

ရင်ခုန်ခြင်းကို မြိုသိပ်
ကြင်နာခြင်းကို တားမြစ်
ချစ်ခြင်းမေတ္တာကို ဖုံးကွယ်
နေနိုင်သူပါ……….။
ကြင်နာသူရေ
မင်း အနား မှာ ရှိခွင့် ရဖို့ ဆိုရင်လေ
ငါဘာမဆို လုပ်ရဲဝင့်သူပါ
လေတွေတိုက်နေပါစေ
မိုးတွေရွာနေပါစေ
ငါ့ကောင်မလေး
ပျော်ဖို့ဆိုရင်
ငါက ဖန်တီးပေးမယ့်ကောင်ပါ
ငါတတ်နိုင်တဲ့ဘက်ကပေါ့
ငါမတတ်နိုင်တာကိုတော့ မပြောပါဘူးကွယ်
ယုံကြည်ခြင်းဆိုတာ
ရှင်သန်ခြင်းနဲ့ တွဲနေတာပဲ
ငါရှင်သန်နေသမျှ
မင်းချစ်မယ့် နေ့ကို
ငါမျှော်လင့်နေမှာပါ………..။

In: ကဗျာ Posted By: Date: Aug 26, 2010
Comment #1

great,,,
i admire u.
i admire ur purity.
however,,ur hope without any try,,it might b dream.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment