Professional Authors

ပဋိပက္ခ(၄)

ဆိုင်းမဆင့် ဗုံမဆင့် ကျွန်တော်ရောက်လာတော့
ခင်ဗျား သွေးတိုးပြန်ပြီပေါ့
ဟုတ်သလား
အဲသလို အချိုးနဲ့၊ အဲသလို ဖလိုးနဲ့များ
အပေါစားအချစ်ကဗျာတွေ မဖတ်ဘူးဆိုလား၊ ဆိုသေးရဲ့
ထားပါ
ခင်ဗျားနားဝင်အောင် ပြောရရင်
ဟောဒါက ၂၁ရာစု မြန်မာကဗျာကွဲ့
ဟောဒါက နီယိုကဗျာကွဲ့
ဟောဒါက သတင်းစာသားကဗျာကွဲ့
ဟောဒါက မအောင်မြင်တဲ့ အသံကဗျာကွဲ့
ဟောဒါက လူရှိန်အောင် ကြားဖူးနားဝ စကားလုံးတွေနဲ့
              ရေးထားတဲ့ကဗျာကွဲ့
အဲသလို
သူတို့ အားလုံးသိနေခဲ့တယ်ဆိုတာ
(မပြောကြလည်း)
အသည်းစွဲကဗျာဆရာစာရင်းမှာ
ခင်ဗျားမပါတော့တာ သေချာ။

In: ကဗျာ Posted By: Date: Aug 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment