Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34811 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

မြားစစ်သည်၊ ဘ၀စစ်သည် – နရီထက်

လေးညှို့ကိုခွင်း တည့်တည့်ချိန်ကာလေး
အသာညွန့်လို့ အဝေးကိုပစ်မှတ်ထား
ရည်ရွယ်ကာ လက်တစ်ကမ်း
ပစ်ခွင်း အနိုင်ကြံ
ဗဟိုတည့်တည့်ကိုလား
အနီးစပ်ဆုံးစက်ကွင်းကိုလား
အဝေးဆုံးထောင့်တစ်နေရာက
ပစ်ကွင်းအလွဲတွေလား

ဥာဏ်ကိုတည် ခွန်အားကိုပေးစပြုလို့
ဝီရိယရယ် ဇွဲနပဲ
အထပ်ထပ်ရယ် စိုက်အားပြုကြတယ်
ဒီတစ်ပွဲ ဒီတစ်ပွဲရယ်
ဖြေးနှင့် မှန်မှန်ရယ်
မှန်မှန်နဲ့ မြန်မြန်ရယ်
မမှန်ရယ် ကြက်ကန်းဆန်တိုး
ရွှေကိန်းဆိုက်လို့
လက်တစ်ကမ်းက
ကံစမ်းပွဲတွေလား
အချိန်မကျသေးလို့
ခြံကျော်ဖို့ ခုန်စိုင်းပြင်
မောရုံအဖတ်ထင်
ကံဆိုက်တော့ မြိုင်မြိုင်လာ
ထီမထိုးပဲ ပေါက်တဲ့ပွဲလား

အလေ့ကျ ရွက်ကျပင်ပေါက်လည်း
ဖြစ်ခဲ့တယ်
ရွှေထီးဆောင်းလို့ ငွေမင်းသားလည်း
လုပ်ခဲ့တယ်
ဘ၀ကို ရေရေလည်လည်နားဖို့
လောကဓံက ဘ၀နာတတ်အောင်လည်း
သင်ပေးခဲ့တယ်
ရောင့်ရင်တင်းတိမ်ခြင်းတရား
ငါ သိတတ်စပြုပြီးလို့
မဆိုရဲသေးဘူးလေး
ငါလည်း လူသားတစ်ယောက်ပေဖို့
မလွန်ဆန်နိုင်. .  .
ဒါပေမဲ့ ငါကတော့
ဘယ်အရာမှ over . .  . over . . .
မဖြစ်ရင် ကောင်းမယ်လို့
ငါ့အသိုင်းအ၀ိုင်းမှာ
ဒီ over ဆိုတဲ့ စကားကိုတော့
လက်ကိုင် သုံးခဲ့တယ်

ဖြစ်ချင်တဲ့ ဘဝ
အကောင်းဆုံးဘ၀လို့
မင်းတို့သတ်မှတ်တဲ့ ဘဝ
ငါ သတ်မှတ်ထားတဲ့ ဘဝ
အများတကာ သတ်မှတ်ထားတဲ့ ဘဝ
အဲဒီဘ၀ တွေ မရောက်သေးခင်မှာတော့
ငါတို့ မင်းတို့တွေရယ်
အတော်ဆုံး စစ်သည်၊ဘ၀စစ်သည် မဖြစ်ရင်တောင်မှ
အကောင်းဆုံး စစ်သည်၊ ဘ၀စစ်သည်လောက်တော့
ဖြစ်ခွင့်ရှိကြတယ်လေး. . .
ဆက်၍. . . ဆက်၍. . .
စစ်သည်ဘ၀. . .။     ။

နရီထက်
( ၂၅ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)