Professional Authors

လိုအပ်ချက် (သက်ထွေး)

အော်သံရှိတယ်
ခေါ်သံမရှိဘူး
အခုအဖြစ်က
ကိုယ့်အရိပ်နဲ့ကိုယ်
တစ်ကိုင်းတည်းကျနေတာမျိုး
ကိုယ့်စည်းချက်ကို
ဟန်ချက်က မလိုက်နိုင်တော့တာမျိုး
ဗေဒါပင်လို စေလိုရာ
မမျောတတ်တော့
ဖြစ်တည်မှုက
သန်းဝေချင်စရာ ။

မီးလို
လောင်ကျွမ်းဖို့လိုတယ်
လွှတ်လိုက်တဲ့မြားလို
အကွာအဝေးလိုတယ်
မပျစ်မကျဲသွေးလို
နီနီရဲ ပျော်ဝင်မှုမျိုး လိုတယ်
စိတ်ကိုစိတ်နဲ့
သတ်ပုတ်စေတဲ့အခါမျိုးကျ
မျက်နှာလွှဲ ခဲပစ်တတ်ဖို့
လိုတယ် ။

နှစ်ဦးနှစ်ဘက်
ကျေကျေနပ်နပ်
လက်ဆွဲ နှုတ်ဆက်လိုက်ဖို့
“လမ်းခွဲခြင်း”ကပြောတယ်
ဒါ …………………………..
တစ်ဦးတစ်ယောက်စာ
ဖောက်ထားတဲ့လမ်း
ပြောင်းပြန် တစ်ဖန်
လျှောက်ရဲဖို့
ခရီးမဆုံးခင်
လမ်းဆုံးဖို့ လိုတယ် ။

သက်ထွေး
သြဂုတ် ၂၅ ၂၀၁၀ ၁၂း၀၄ am

In: ကဗျာ Posted By: Date: Aug 24, 2010
Comment #1

sayar tha marr….

~i love to read it.. read it…. i love to read it read it~….
* i LOVE to……… READ it* <3

heee 🙂

commentinfo By: kook at Aug 24, 2010
Comment #2

စိတ်ကိုစိတ်နဲ့
သတ်ပုတ်စေတဲ့အခါမျိုးကျ
မျက်နှာလွှဲ ခဲပစ်တတ်ဖို့
လိုတယ် ။

တစ်ဦးတစ်ယောက်စာ
ဖောက်ထားတဲ့လမ်း
ပြောင်းပြန် တစ်ဖန်
လျှောက်ရဲဖို့
ခရီးမဆုံးခင်
လမ်းဆုံးဖို့ လိုတယ် ။

commentinfo By: Kitty Yang at Aug 24, 2010
Comment #3

a paw ka quote htar tar lay kyite tae loh pyaw moh har.. hee.. enter mharr nhate lite tar.. ayin submit phyit twar tae.. 😀 bwar tayy .. 😀

commentinfo By: Kitty Yang at Aug 24, 2010
Comment #4

တော်တော်သဘောကျတယ် ဒီကဗျာလေးကို… like button ကဘာလို့ တစ်ခါပဲနှိပ်လို့ရတာလဲသိဘူးးးး 😛

စိတ်ကိုစိတ်နဲ့
သတ်ပုတ်စေတဲ့အခါမျိုးကျ
မျက်နှာလွှဲ ခဲပစ်တတ်ဖို့
လိုတယ် ။

အခုစဉ်းစားနေတာ မျက်နှာလွှဲခဲပစ်တတ်ဖို့ရော ဘာလိုလဲလို့…
လုပ်ပါဥိး ကဗျာဆရာ… (: (:

commentinfo By: ဖြိုးဖြိုး at Aug 24, 2010
Comment #5

ကဗျာဆရာရေ….လေးစားပါတယ်..။။။

commentinfo By: Ema Yar at Aug 24, 2010
Comment #6

“တစ်ဦးတစ်ယောက်စာ
ဖောက်ထားတဲ့လမ်း
ပြောင်းပြန် တစ်ဖန်
လျှောက်ရဲဖို့
ခရီးမဆုံးခင်
လမ်းဆုံးဖို့ လိုတယ် ။” ဒါလေးထိတယ်။

commentinfo By: နေညို at Aug 25, 2010
Comment #7

အပေါ်ကလူတွေလိုပဲ…

commentinfo By: Za TaGwel at Aug 29, 2010
Comment #8

ကိုသက်ထွေး ကဗျာတွေ အရမ်းကြိုက်ပါတယ် ။ မိုက်တယ်ဗျ ။ ဘ၀သမားနဲ့တူတယ် အဟဲ။ ကြိုးစားထားနော် ။ အမြဲအားပေးတယ် ။ ကျနော်လည်း ကဗျာသမားပဲ ။ ဒါပေမယ့် ကိုသက်ထွေးတို့လောက်တော့ မပီသသေးဘူး ။ ကဗျာတွေအားလုံးကို အားပေးလျက်ပါ ။ လေးလည်းလေးစားပါတယ် ခင်လည်းခင်ပါတယ် အားလည်းပေးနေပါတယ် ။

commentinfo By: yonlay at Sep 22, 2010
Comment #9

ကိုသက်ထွေးကဗျာတွေက တော်တော်ထိတယ်
တော်တော်ကိုလေးစားတယ်

commentinfo By: Khe Gaw at Oct 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment