Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34811 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

သဘာဝကိုလိုက်၍အရောင်ပြောင်းလဲသည် – နရီထက်

အဖြူရောင်အုပ်စု
ငါ ရောက်လေစအခါက
အရာရာက ကောင်းခြင်းတွေလား
တပ်မက်ခြင်းတွေအတွက်
ခဏခဏငိုပြခဲ့တယ်
သူတို့ကလည်း ငါကို
အဖော်လုပ်ပေးခဲ့ကြတယ်
တစ်ခါတစ်လေကျတော့
အနိုင်ကျင့် မခံနိုင်ဘူး
အင်အားဆိုတဲ့ ဝေါဟာရကို
အဖြူရောင်အုပ်စုကြားမှာ
ကြားခဲ့ရဖန်များတော့
ငါလည်း ထပ်ပြီး
အရောင်ပြောင်းလဲ လာချင်ပြီး. . .

ခရမ်းရောင်အုပ်စုကြား
ငါ ရောက်လေစအခါက
သူတို့က ခေတ်မှီနေလား
အရာရာကို ဆုံးဖြတ်နိုင်ပြီး
နည်းပညာတွေကလည်း
မြင့်မားလာပြီး
ဟန်ဆောင်ခြင်းအတတ်ကိုလည်း
သူတို့ ခရမ်းရောင်ဘ၀ကို
ပိုင်ကတည်းက တတ်မြောက်နေပြီး
လျှို့ဝှက်ချက်ကြီးကြီးနေတတ်ဖို့ရေး
သာယာမှုတွေ အမိအရပိုင်ဆိုင်ခွင့်ရေး
အမြဲတမ်းလိုအပ်ချက်တွေကို
တနင့်တပိုက် ထုပ်ပိုးတတ်ဖို့ရေး
သူတို့ကလည်း သူတို့အသိနှင့်
နိုးထနေကြတယ်
ကြာတော့လည်း ငါလည်း
အရောင်ပြောင်းချင်လာပြီး. . .

အနီရောင်အုပ်စုကို
ငါ ရောက်ခါစက
သူတို့က အရာရာကို
မှန်မှန်ကန်ကန်ဆုံးဖြတ်ကြတယ်
ဒါပေမဲ့လည်း မှန်တယ်ဆိုတဲ့
ဝေါဟာရကို သူတို့နှလုံးသားထဲမှာပဲ
သိမ်းထားတတ်ကြတယ်
ထုတ်ဖော်ခွင့် ရလိုက်သူကို
အရူးလို့ သတ်မှတ်ကြတယ်
တည်ငြိမ်အေးချမ်းဟန်ဆောင်ပြီး
နှလုံးသားထဲမှာ အပူတွေ
တငွေ့ငွေ့ရှိကြတယ်
တပ်မက်ခြင်းကတော့
တစ်စွန်းတစ်ပိုင်း
ကောင်းခြင်းကိုကျတော့
တစ်ချို့တစ်ဝက်
အရင်အိမ်မက်ကိုလည်း
တစ်ချို့တစ်ပိုင်းက
စိတ်နာနေတတ်ကြတယ်
မဖြစ်တတ်တဲ့ အိမ်မက်ချိုတွေကိုလည်း
သူတို့က ပြစ်တင်ဝေဖန်တတ်ကြသေးတယ်
ငါလည်း နောက်တစ်ရောင်ကို
ခံစားခွင့်ထပ်ရှိသေးတယ်လေး. . .

အရောင်တွေပြောင်းလဲလာခဲ့တဲ့ဘဝ
ဘ၀ဆိုတဲ့ တစ်ဘ၀လို့
သတ်မှတ်လိုက်ကြချိန်မှာ
အားလုံးမှာ ဘ၀ပေါင်းစုံရှိနေခဲ့ကြတယ်
မမှတ်မိသေးကြလို့တဲ့
မှတ်မိပြီးမှ မပျော်သေးလို့တဲ့
မှတ်မိလွန်းကြီးလို့ ဆက်ပြီး
သာယာချင်သေးတယ်တဲ့
ငါလည်း ဘယ်ဘ၀ထဲက
ဘယ်အရောင်ကို ဆက်ပြီး
ပြောင်းလဲခဲ့နေရမှာလား
ပြောင်းလဲခွင့်ဆိုက်ရောက်လာတဲ့တစ်နေ့
အရာအားလုံးက အရောင်တွေနှင့်ပေါ့
မတူညီခြင်းဆိုတဲ့ ဝေါဟာရတစ်ခုတော့
မသတ်မှတ်လိုက်ကြပါနဲ့. . .

နရီထက်
( ၂၄ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 24, 2010
Comment #1

ကိုယ့်အရောင်နဲ.ကိုယ်ဘဲကောင်းပါတယ်.. :D

commentinfo By: Shwe Ngar at Aug 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)