Professional Authors

ငါ့အတွက် ငိုပေးမယ့်သူ ရှိပါ့မလား

ကျွန်တော်က
စိတ်ကူးက တောင်ပေါ်
လက်တွေ့က မြေပြန့်နဲ့
အဓိပ္ပာယ်မရှိတဲ့ ကောင်

ဖြစ်နိုင်ရင်
ချစ်သူလောင်းရိပ်အောက်မှာပဲ
ရှင်သန်နေချင်သူ

မီးဆိုတာ ဒီလိုမြန်မြန်လောင်မယ်လို့
မထင်ပေမဲ့
ကျွမ်းလောင်မှန်းသိရတဲ့အခါ
ရလာတာက ပြာ တွေပဲလေ..။

ကျွန်တော်ပိုင်ဆိုင်တာက
နာကျင်တယ်ဆိုတာ
ခံစားမှုတစ်ခုပဲ..။

ကျွန်တော်အဝေးက ကြယ်တွေ
ကြွေတုန်းက  ဟားတိုက်ရယ်နိုင်ပေမဲ့
အခု ကျွန်တော် နှလုံးသား ကြွေတဲ့အခါ
ဘယ်သူများ ရယ်ကြမလဲလို့
စိုးထိတ်

အငွေ့

In: ကဗျာ Posted By: Date: Aug 23, 2010
Comment #1

……………………..ခံစားအားပေးသွားတ.ယ်

commentinfo By: အသဲကွဲမိုး at Jul 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment