Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11612 masterpieces

Total Comments 34816 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

အသွေးများတဲ့ ဓါး – နရီထက်

ထက်စေချင်လို့ ခပ်နာနာလေး
ဓါးသွေးကျောက်မှာ သွေးခဲ့တယ်
တော်ချင်လို့ ဘ၀ကို ခပ်ပြတ်ပြတ်လေး
နာစေချင်ခဲ့တယ်

ကိုယ့်အားကိုယ့်ကိုး ကိုယ့်လမ်းကိုကိုယ့်ရွေး
ယနေ့အထိ လျှောက်နေစေပဲ. . .
ထက်တာများလို့ တုံးအစေချင်လေပြီး
ဓါးသွားထက်တွေ ပဲ့ကြွေစပြုနေပြီး
ငါ့ရဲ့ အရိုး ခွန်အားတွေ
ယိုင်နဲ့နဲ့ ပဲ့ကြွေစပြုနှင်လေးပြီး

ငါကိုယ်တိုင် ဓါးသွားတစ်လက်
ငါကိုယ့်ငါလည်း ကာကွယ်ခဲ့တယ်
ငါ့မိသားစုရေး ရှေ့တန်းက မားမားရပ်လို့
ဦးစားပေးခဲ့တယ်
ဓါးအိမ်လည်း မြဲမြံအောင် ကိုင်စွဲခဲ့တယ်
တွဲမိတွဲရာ အလေ့ကျ စနစ်တစ်ခုကို
အမှီပြုလို့ နောက်မဆုတ်တမ်း
တွန်းလှန်ခဲ့တယ်

ငါ့ဓါးသွားထက် သမိုင်းကြောင်းလည်း
ရေးနေသေးတယ်
ဂုဏ်ပြုမှုကိုလည်း ယဲ့ယဲ့လေး
မြင်ယောင်ခဲ့တယ်
ကဲ့ရဲ့မှုတွေကတော့ မျက်ဝါးထင်ထင်
သွေးလက်စ သွေးကျံပေစတွေနှင့်
ဆက်ပြီးတော့လည်း ရှေ့တက်နေဆဲ
ငါ့ဓါးသွားထက်ကို တုံးတဲ့အခါတိုင်း
ခပ်နာနာလေး သွေးတုန်းပဲ. . .
ပဲ့တစ်ခါ ကြွေတစ်လှည့်
ထက်ထက်လေးတစ်ခါ . . .
နောက်ပြန်မလှည့်လို့
စနစ်ကျကျ အမြစ်ကျကျ
ရှေ့လျှောက်နေဆဲ. . .

နရီထက်
( ၂၃ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 23, 2010
Comment #1

ကြိုက်ပါတယ်ဗျို့ ……

commentinfo By: moehtetaung18 at Oct 22, 2010
Comment #2

အရမ်းကိုကောင်းတယ် …..အကိုကြီးးးးးးးးးးးးးးးးးးးးးးး
အားပေးသွားတယ်နော်

commentinfo By: myintmo at Jun 20, 2011
Comment #3

ကျေးဇူးပါ… ချစ်ညီမငယ် မြင့်မိုရ်

commentinfo By: Nayihtet at Jun 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)