Professional Authors

ပာိုအကြောင်းဒီအကြောင်း

 
3
ထွီ ………ရွံလွန်းလို့
ကြည့်ကြ ပါအုံး…..ဒါ…ဒါ ရင်ခုန်သံ အစစ်တွေ တဲ့
ကိုယ့် အမြှီး ကိုယ်ပြန်ကိုက်တာမှ 
အရသာ ရှိမဲ့ ပုံ ပေါက်သေးတယ် ..
ဝတ်ထားတဲ့ အရေပြားက
နိုင်ငံ ခြားပစ်တဲ့  သူပြောတာပါ
ခုဝယ်ထားတဲ့ ဖိနပ်ကတော့ လမ်းလျှောက်ဖို့သက်သက်တဲ့
ခုနစ်ထွေ အက နဲ့ အေရိုးပစ် လုပ်ချင်သူလေ
ဆဲချင်ရာ ဆဲနေတဲ့ကောင်ကိုတောင် သူအခွေ ထုတ်ပေးလိုက်သေးတယ်
ဆက်ရွေးအုံးမှာလားတဲ့….
ဒီက ကောင်ကလဲ မိုးကြိုးပစ်တာတောင် စောက်ဂရုမစိုက်တဲ့ ကောင်စားမျိုးလေ
ဟန်ကိုယ့် ဖို့ဘဲ ဟုတ်တယ်မလား
ကိုယ့်အိပ်ကပ် ကိုယ်သာသိတာမလား
ကိုယ်ဆွဲထားတဲ့ ပုံကိုယ်ဘဲမြင်တယ်
သရေကွင်းလက်မှာစွတ်ပြီး တွေ့ တဲ့ဟာ လိုက်ချည်ချင်တဲ့ သူလေ
သူပစ်တဲ့ဟာက ဂိုင်ဒိုးဆို ဘဲ
ဂျွတ်  ….. အဲ ခုန်ကြိုးသွားပြီ
တောက် ….ထိုင်နေအကောင်းသားကို
မစားရတဲ့ အမဲသားကို သေးနဲ့ပက်မယ်လို့ ကြုံးဝါးလိုက်သေးတယ်
ခု ငါရေးနေတာ အရူးတွေကိုချော့ သိပ်တဲ့ကဗျာလေ
မိုးရွာ ချင်သလိုရွာ ပစေ အချိန်တန်တော့ ချောင်းဆိုးသွားလိမ့်မယ်
အိပ်မက် မက်ချင်တဲ့ကောင်က တော့ အိပ်ချင်ယောင်ဆောင်လို့မရဘူး
ခုလောလော ဆယ်တော့ နဂ္ဂတစ်တွေကို ဦးထုတ်ဆောင်းပေးထားလိုက်တယ်…
ငါပျိုးထားတဲ့ အိပ်မက်တွေ ကတော့    နေပြည်တော်က     နေပူထဲလျှောက်သွားနေတတ်ကြပါရဲ့
ဘာရယ်လို့တော့ မဟုတ်ပါဘူး အိမ်ပေါ်က ခုန်ဆင်းတာနဲ့ သူ့ကျောင်းဆီကို ရောက်ချင်နေမိ
ကြယ်တွေကိုခူးပြီးလဲ မင်းကိုမပန်ပေးနိုင်ပါဘူး
ငါ့ခြံထဲ က စံပယ်ရုံလေးကိုတော့ ရေလောင်းပေးနေမိသလိုဘဲ
ငါ့နာရီလဲတနေ့ နှစ်ခါဘဲ မှန်တော့တယ်
ထမင်းလဲ တနေ့ နှစ်ခါ ဘဲ စားမိတယ်
တစ်ညထဲကို နှစ်ခါ အိပ်ပ လိုက်တယ် အိပ်မက် နှစ်ခါ မက်အောင်လို့
တယောက်ထဲကို ချစ်ခဲ့မိသလိုဘဲ ဒါပေမဲ့ အမြွှာပူးနဲ့ တိုးနေတယ်
ခု ဖတ်နေတဲ့ ၀တ္တုကို ငါ့ထက်ပိုးဟတ်တွေ ကပိုကြိုက်တယ်တဲ့
ကြွက်တစ်ကောင်ရဲ့ ညစာကို မောင်းပြန်ထောင်ချောက် က ပြုံးပြ
နင်ဘာလို့ ဟိုနေ့ကို ပြုံးပြသွားတာလဲဟင်…..
ကျော်ဦးကို သရဲ သကြားလုံး ငါ့ကိုကျတော့် ဘာလီ တဲ့
သူ့ကိုယ်သူ လူမိုက်တဲ့ သူကပ်ချင်တဲ့ တံဆိပ်ခေါင်းတံတွေးစွတ်ပြီး ကပ်ပလိုက်တယ် အေးရော
သာကူ နဲ့သွားတိုးတာဘဲ
ကချေသည်ရဲ့ အပြုံးကို ဘယ်သာမိုမီတာနဲ့ သွားတိုင်းမလဲ
ဂရင်းနစ် စံချိန်တင်ဖို့ မာမီး အားကိုးနဲ့ မိုက်ခဲ့တာ
ူငါ့ဘေးနားက အရူးလက်ထဲမှာ သေနတ်ရှိတယ်
သေနေတဲ့ အပြုံးထဲ မှာ  ပန်းနုရောင်တွေဖွေးဖွေးလှုပ်လို


….ဒါနဲ့……ကျနော့် ရင်ဘတ်ထဲကို သူ့  အပြုံး တွေ လောင်းထည့်သွားတယ်
ဒါဘယ်သူရေးတာလဲ ….. တရားခံကိုတော့ မပြောပါရစေနဲ့….။
ဒီပယောဂ နဲ့  ရွာ လိုက်တဲ့ မိုးရွှဲ ရေတွေ
ခုထိ မက်မက်မောမော ပိုင်ဆိုင်ချင်နေတုန်းဘဲ…။
ကြွေသွားတဲ့ နီယော်ယော်သစ်ရွက်က
ငါ့ကို တရွတ်တိုက် သရော် နေတာလား
သုည တွေ နဲ့ ဟန်မဆောင်တတ်လို့ ထပ်တူကျလို့ ဖြစ်ရဲ့ လား
လေတိုက်တိုင်းတော့  သစ်ရွက်မကြွေပေးနိုင်ဘူးနော်
ညီမလေးရယ်သတိရတိုင်းတော့ မင်းကိုတွေ့ ချင်တာပေါ့…
အမှန်တရားကိုတွေ့ ချင်လွန်းလို့ အမှားတစ်ရန် ၀ယ်စီးလိုက်တယ်
စီးနေကျ နံပါတ် (၇) ပဲပေးပါ…
အမှန်တိုင်းပြောရရင်တော့….    အဟမ်း… အမှန်တိုင်းဘဲပြောလိုက်မယ်နော်
အမှန်တွေဘဲလုပ်နေကြလို့ လားမသိဘူးမှန်လို့မှန်မှန်းတောင်မသိတော့ဘူး
ကိုယ့်ပုံကိုယ်ပေါ်မှဘဲ အော် ဒါမှန်ဘဲကိုး
မောင်ချမ်းဇော်တို့လိုတော့ မှန်တွေ အများကြီးဝယ်မတတ်နိုင်ပါဘူး…
ခေါက်မိမှာစိုးလို့….သူကိုတော့မသိပါဘူး သူပျင်းရင်ပြောတာပါ……
သူ့အိမ်မှာဘောင်းဘီမလဲရဲဘူးလေ မှန်ထဲမှာ ပြန်ကြည့်မိလိုက်ရင် အဟီး
ထားလိုက်ပါ မောင်ချမ်းဇော် ခင်များ ဘာတွေ လုပ်နေလဲအခု
စီကနယ် နဲ့၂၀၀ဖိုးမှာထားလိုက် လမ်းကြုံရ်င် ၀င်ခဲ့မယ် ၂ ယောက်နော်
……………
ညီမလေးရေ အိပ်မက်မဟုတ်တဲ့အိပ်မက်တွေနဲ့
ဘိုသီဘက်သီ ဘယ်လိုအိပ်ရမှာလဲ….
အိပ်ယာခင်းပေါ်မှာတော့ တွန့်လိမ် ..ကောက်ကွေး …ကြေမွ ..
ရေရောခံ လိုက်ရတဲ့ အိပ်မက်တွေ လေ…..
ညနေတိုင်းတော့ နှင်းဆီပင်တွေ ကိုရေတိုက်ပါတယ်…
အမေကလဲကျနော့်ကို ရေပြန်တိုက်တယ်..
ကျနော်ကလဲ ကောင်မလေးကို အအေးပြန်တိုက်ပါသေးတယ်
သူကတော့ ပြန်မတိုက်ပေးဘူး…ဟေ့လူ..ခင်များငြိမ်ငြိမ်နေ ခင်များနဲ့မဆိုင်ဘူး ၀င်မပါနဲ့…..
ခုလောလောဆယ်တော့ ရေထဲကိုရေထပ်ရောလိုက်မယ်…
အမေရေ သူတို့ပြောတဲ့သိက္ခာချိုချိုတွေ နဲ့မူးခဲ့ပြီ…
နှင်းဆီနီတွေ ပွင့်ခဲ့တဲ့လမ်းပေါ်မှာ ..
အမေ ကျနော် မမှားဘူး……
ဆင်ကန်းတောတိုးဖြစ်တော့မယ်..
လူဖြစ်ရုံနဲ့ လူဖြစ်ကျိုးမနှပ်သေးဘူး…
ခွင့်လွှတ်ခြင်းနဲ့ဘဲကိုယ့်ကိုကိုယ် ပျော်ရွှင်မှုပေးလိုက်ပြီ….
အချိန်ဆိုတာ အလကားရတာမဟုတ်ဘူး…
အလကားရတာလဲ အချိန်ဘဲ…..
မစွပ်စွဲပါနဲ့…..
မသိသေးရင် အကောင်းဘဲတွေးထားလိုက်ပါ…
သွားနေတယ်..အခုထိတော့ ဘယ်မှမရောက်သေးဘူး..
မောင်ချောနွယ်တော့ သေသွားပြီ
မောင်ချမ်းဇော်ဘဲကျန်တော့တယ်….
In: ကဗျာ Posted By: Date: Aug 23, 2010
Comment #1

ဒါကိုရေးပြီး ရင်ထဲမှာတော်တော် ပေါ့ သွားလောက်တယ်..

commentinfo By: မြတ်ချစ် at Aug 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment