Professional Authors

ကယ်တင်ရှင်!

အခုလေးတင်တွေ့ပြီး
 ပြန်လာရင်တောင် ထပ်တွေ့ချင်နေကြတဲ့
ချစ်သူတွေဖြစ်ခဲ့ကြတာဆိုတော့ …။

နင်နဲ့ ဇာတ်လမ်းက ပြီးပြီလို့ နေလိုက်ရင်
ငါတစ်ယောက်တည်း
လောကကြီးထဲက ခွဲထွက်နေသလို
ခံစားနေရတယ်…။

ဒါပေမယ့်လည်း
ရင်နှီးလာပြီလို့ ခံစားလိုက်မိရင်
နောက်ကျောကို ဓါးနဲ့ထိုးပြီးခံရခက်အောင်လုပ်တယ်…။

လက်လျော့ပြီး နောက်ဆုတ်လိုက်ရင်
ပြန်လာပြီး ဝေခွဲမရအောင်လုပ်တယ်…။

ငါဘယ်လို လုပ်ရမလဲ…။

ငါ့ကို မထားခဲ့ပါနဲ့…။
ကယ်တင်မယ့်သူဟာ
မင်းပဲရှိတယ်…ချစ်သူရယ်။

In: ကဗျာ Posted By: Date: Aug 22, 2010
Comment #1

နင်နဲ့ ဇာတ်လမ်းက ပြီးပြီလို့ နေလိုက်ရင်
ငါတစ်ယောက်တည်း
လောကကြီးထဲက ခွဲထွက်နေသလို
ခံစားနေရတယ်…။

လက်လျော့ပြီး နောက်ဆုတ်လိုက်ရင်
ပြန်လာပြီး ဝေခွဲမရအောင်လုပ်တယ်…။

ငါဘယ်လို လုပ်ရမလဲ…။

ဟုတ်တယ်ဟာ….စာသားတွေကမှန်လိုက်လေခြင်း….။အားပေးသွားပါတယ်…။

commentinfo By: ကေသရီ at Oct 14, 2011
Comment #2

😛
😛

commentinfo By: ei lay at Oct 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment