Professional Authors

အဖေ….

အဖေ….
အရမ်းငတ်မွတ်နေတဲ့
အသံလေး ၁ ခု ရင်ထဲမှာ
လွမ်းမောစွာ ပြေးထွက်သွားတယ်။

ခေါ်ပေမယ့် မကြားနိုင်
ကြည့်နေပေမယ့် မမြင်နိုင်ဘူးလေ။

မြင်ချင်ခဲ့တယ် ပုံရိပ်လေး ၁ ခု…
ကြားချင်ခဲ့တယ် တိုးတိတ်နေပစေ…..
၁ ခုတည်းသော တမ်းတရာလေးက
အဖေ !!!

မရှိတော့မှ သိတယ်ဆိုတဲ့ တန်ဖိုး
သမီး ကြေညက်နေခဲ့ပြီ။
(၂၁-၈-၂ဝ၁ဝ)

(အဖေ….အရမ်းလွမ်းနေတယ်။ မဖြစ်နိုင်တာကြီးကို သိရက်နဲ့ မြင်ချင်နေတယ်။ စကားလက်ဆုံပြောချင်နေတယ်…..အဖေ……………………)

In: ကဗျာ Posted By: Date: Aug 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment