Professional Authors

မိသားစု (စိုင်းဝင်းမြင့်)

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လဲခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလဲအကုန်။
လဲကျသွားတဲ့ ငါအဖေနေရာက
ငါညီလေးဝင်ခဲ့ တယ်
ယိုင်နဲ့သွားတဲ့ ငါအမေရဲ့ နေရာက
ငါညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါအတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါမိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါမိသားစုမှာ ငါဟာ မလဲုခြုံတဲ့ထရံ
ငါကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါမိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါမိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘော်လုံးအသင်းဟာ ငါ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်

Comment #1

ငါမိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါမိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ….အရမ်းကြိုက်တဲ့ စိုင်းဝင်းမြင့်ရဲ့ လေပါ…။

commentinfo By: phyowai at Dec 16, 2010
Comment #2

မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါမိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘော်လုံးအသင်းဟာ ငါ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။

commentinfo By: ကြယ်စစ်သည် at Jan 3, 2012
Comment #3

မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါမိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။

commentinfo By: ကြယ်စစ်သည် at Jan 3, 2012
Comment #4

ငါမိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ. . . ၊

ကြိုက်ပါသည်။

commentinfo By: moemoe at Sep 21, 2012
Comment #5

ကောင်းသည်

commentinfo By: [email protected] at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment