Professional Authors

ပျော်ရွှင်ခြင်း ရဲ့ နောက်ကွယ်

သေချာနေတဲ့ အဖြေတစ်ခု ကို
ပြောင်းပြန်လှည့် တွေးနေမိတာကိုက
ငါမှားတာပါ ကောင်မလေးရေ…….။
မင်းဘက်က ဖုံးကွယ်ထားတော့လည်းလေ
အချစ်ဆိုတာကို
ဘယ်လိုမှ မြည်းစမ်းခွင့်  မရခဲ့ ဘူးပေါ့…..။
နေပူကြီးထဲ မှာ ငါရပ်စောင့်နေခဲ့တာလေ
မျှော်လင့်ဖြင်းဆိုတဲ့ ထီးတစ်ချောင်းနဲ့ပေါ့….။
ကံဆိုးတာက တော့
အဲ့ဒီထီး က အရွက်မပါခဲ့ဘူးလေ…..။
ကျွန်တော် ကပြောပါသေးတယ်
ယူသွားဖို့ ပေါ့
သူမက မငြင်းပါဘူး
ထားခဲ့လေတဲ့….။
ဟုတ်တယ် ကျွန်တော် ထားခဲ့တယ်
ပြီးတော့ ကျွန်တော်ထွက်လာခဲ့တယ်
“ဘယ်တော့မှ” ဆိုတဲ့ သူငယ်ချင်းနဲ့
ကျွန်တော် ထားခဲ့တဲ့ အရာတွေထဲမှာ
တစ်ခုက တော့ ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေနဲ့
နောက်တစ်ခုကို တော့
သူတို့ အခန်းထဲ က
စမ်းသပ်ဖန်ပြွန်ထဲ မှာ အခုထိတွေ့နိုင်လေရဲ့
ကျွန်တော့်နှလုံးသားပေါ့……………။

In: ကဗျာ Posted By: Date: Aug 19, 2010
Comment #1

မိုက်တယ် ကြိုက်တယ် အသုံးအနှုန်းလေးတွေ အားပေးနေတယ်နော်

commentinfo By: အိလေး at Aug 23, 2010
Comment #2

မိုက်တယ်ကဗျာလေးအရမ်းကြိုက်တယ်

commentinfo By: ကြယ်စင် at Sep 18, 2010
Comment #3

Meaningful title .

commentinfo By: ei lay at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment