Professional Authors

ငါရဲ့အမြဲစိမ်းတောတန်းလေး(ခ)ညီမလေးသို့

ငါအတွက်အမြဲစိမ်းတောတန်းလေးနဲ့ တူတဲ့ ညီမလေးရေ……..
ဘယ်သူပရောဂမှမပါဘဲတိတ်တခိုးလေးလွမ်းနေရုံလေး၊လေနေရုံလေးပါ။
အတိတ်က..အရိပ်တွေဆိုတာမှန်ပေမဲ့ တေလေတစ်ကောင်ရဲ့ ရင်ဘတ်ထဲမှာလည်း
မှတ်ဥာဏ်တွေထင်ကျန်တတ်ပါတယ်။
ပီပီသသနဲ့သိမ်းဆည်းထားတဲ့(August)လရဲ့တနင်္ဂနွေတစ်ရက်
သက္ကရာဇ်တွေစုတ်ပြတ်သတ်လည်း ငါသိမ်းထားမယ်။
ဒီမယ်ညီမလေးရဲ့…….
ကကြိုးသစ်တွေနဲ့ ကစုန်ဆိုင်း နင့် ရဲ့ထွက်ခွာမှု့ကရိုင်းတယ်လို့
ငါ……မတွေးထားဘူးကွဲ့။
ရေမျှောကမ်းတင်လို့  ငါ့ …ကို သဘောထားပါ။
ရှိစေတော့…..ရှိပါစေတော့…..
ညီမလေးရေ………..
တစ်လောကလုံးကိုဖူးဖို့ ပွင့်ဖို့ ကြိုးစားနေတဲ့နင့်ရဲ့လက်တွေဒဏ်ရာဆိုးတွေကင်းဝေးပါစေ။
ကြည်လင်းထွန်းတောက်တဲ့ နင့်မျှော်လင့်ခြင်းတွေအလင်းရောက်ပါစေ။
ကြွေကြော်သံတွေအဆုံးမှာနင့်မျှော်လင့်ခြင်းတွေပြုံးနေပါစေ။
သာယာအေးကြည်နင်ဘ၀လေးဖြစ်တည်ပါစေ။
သူမ(ညီမလေး)အေးချမ်းပါစေ။  
(18.8.2010)ခင်းခင်း

In: ကဗျာ Posted By: Date: Aug 19, 2010
Comment #1

နောက်ဆုံး အပိုဒ် ဆုတောင်းပေးထားတာ အခုကဗျာဖတ်သူကို အေးချမ်းသွားစေတာာာာ
(:

commentinfo By: ဖြိုးဖြိုး at Aug 21, 2010
Comment #2

နောက်ဆုံး အပိုဒ် ဆုတောင်းပေးထားတာ အခုကဗျာဖတ်သူကိုပါ အေးချမ်းသွားစေတာာာ
(:
/* စာလုံးကျန်ခဲ့လို့ ဟိဟိ */

commentinfo By: ဖြိုးဖြိုး at Aug 21, 2010
Comment #3

အားပေးသွားပါတယ်ခင်ဗျာ….။အကိုမဂ္ဂဇင်းတွေမှာမရေးဖြစ်ဘူးလား
တကယ်ကောင်းတယ်ကော…….။ဘ၀ဆန်ဆန်လေးတွေလဲလုပ်ပါအုံးဗျ
လူ့ပတ်ဝန်းကျင်ထဲကရင်မောစရာလေးတွေ၊အားမာန်ကိုဖွဲ့တာလေးတွေကောင်းတယ်
အကိုအများကြီးရေးနိုင်ပါတယ်..။

commentinfo By: တာရာကိုကို at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment